* U Are My Umbrella *
[ ကျွန်တော် က ဆောနူဆိုတာ သိသွားမှာကို ကြောက်နေခဲ့တဲ့ သူပါ ]
* 14 *
•••••••
" ဒါနဲ့ မင်းဘာလို့ ဒီနေ့မှ အရှေ့မှာ လာထိုင်နေတာလဲ ခါတိုင်းနေ့တွေဆို အနောက်ဆုံးမှာထိုင်ပြီး"
" ဘာမှ မဟုတ်ပါဘူး သည်အတိုင်း နေရာ လွှတ်နေတာနဲ့ ဝင်ထိုင်လိုက်တာ"
" အေ ပြီးတာပဲ့"
စာသင်ချိန် တိုင်းလည်း ကျွန်တော် ကျွန်တော်အရှေ့က နှစ်ယောက်ကိုပဲ့ ကြည့်နေမိတယ်။ဘယ်တစ်ယောက်က ဆောနူဖြစ်နိုင်မလဲ။
ဒီကောင် အရှေ့မှာထိုင်နေသည့် ဆောနူကိုပဲ့ကြည့်ကြည့်နေတာ ကျွန်တော်သတိထားမိတယ်။ဘာတွေဖြစ်လာအုံးမလဲမသိဘူး။
ထမင်းစားချိန် အတန်းဆင်းတော့ ဆောနူ ချက်ချင်းပင် ဂျယ်ယွန်းလက်ကိုဆွဲကာ အတန်းထဲက မြန်မြန်ပင်ပြေးထွက်လာခဲ့မိပြန်ပြီ။အတန်းထဲမှာ ဒီထက် ကြာကြာနေရင် ကျွန်တော် အသက်ထွက်လောက်မယ်။ကျဉ်းကျပ်တယ် အရမ်း။
" ဟျောင်းရာ....ဖြည်းဖြည်းသွားလည်းမီပါတယ်။စားစရာတွေမကုန်သေးပါဘူး"
"ဆောရီးပါ ဂျယ်ယွန်း ဟျောင်းဗိုက်ဆာနေပြီ မလို့ပါ"
" ကဲ့ပါ ထိုင်စောင့်နေ ကျွန်တော်ပဲ့ သွားယူခဲ့ပေးမယ်"
" အင်း ကျေးဇူး ဂျယ်ယွန်း"
စာအုပ်ဖတ်ရင်းနဲ့ ဂျယ်ယွန်း အလာကို ထိုင်စောင့်နေလိုက်တော့သည်။အခန်းထဲမှာနေသည်ထက် သည်မှာထိုင်ရသည်က ပိုပြီးသက်တောင့် သက်သာရှိတယ်။
YOU ARE READING
U Are My (Umbrella) // Sunki
Randomကျွန်တော့် ဘဝ မှာ....ဆောနူဆိုသည့် လူသားလေးက ကျွန်တော့်အတွက် မရှိမဖြစ် လိုအပ်သည့် အမိုးအကာ ထီးကလေး တစ်ချောင်း ပါ။