"Baby ဘာလုပ်နေတာလဲ"
"Aww.. မမ.."
Monika သူ့မမ လှမ်းခေါ်တဲ့ဘက်ကိုကြည့်ပြီး ပြန်လှည့်လိုက်တော့ ဘာမှရှိမနေတော့ချေ။
"ဘာမှမဟုတ်ပါဘူး Taehyung ကိုတွေ့လိုက်လို့ ထွက်လာတာ"
အိမ်ရှေ့ကနှင်းတွေထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ Taehyung ကိုတွေ့တော့ Dr.Luna ကလှမ်းအော်သည်။
"Taehyung ရေအရမ်းအေးနေတာနော် ခဏနေဝင်ခဲ့တော့"
Taehyung ကအဝေးကနေ ခေါင်းညိတ်ပြပါ၏။
"Taehyung က မမလူနာဆို ဘယ်တုန်းကလဲ ဘာဖြစ်တာလဲ"
"လူနာရဲ့ကိုယ်ရေးအချက်အလက်တွေက ပြောပြလို့ မရဘူးလေ Dr.Monika"
"မဟုတ်ပါဘူး Jungkook ကတောင်သိနေပုံမရလို့ အံ့ဩသွားလို့ပါ"
"အေးတယ် အထဲဝင်ကြစို့"
မမနဲ့ Taehyung ကြားမှာဘာတွေ ရှိနေမလဲ မသိခဲ့ရ။ ဒါကိုသိချင်ရုံမေးတာမဟုတ်ပဲ ကျွန်မမြင်ခဲ့ရတာနဲ့ တစ်ခုခုများ ပက်သက်မှု ရှိနေမလားလို့ပေါ့။
***
အေးစိမ့်စိမ့်ဖြစ်လာတဲ့ကိုယ်ကို ပိုက်ဖက်ပြီး အခန်းထဲပြန်လာလိုက်တော့သည်။ ကိုကို အိပ်မောကျနေပြီ ဖြစ်ရာ သူ့ခုတင်ပေါ်ထိုင်လိုက်ပြီး ဆံပင်လေးတွေကို သပ်တင်ပေးလိုက်မိပါ၏။မှိတ်ထားတဲ့ မျက်ခွံလေးတွေ မျက်တောင်စိတ်စိတ်လေးတွေ ပါးပေါ်ကအမာရွတ်သေးသေးလေး နှုတ်ခမ်းအောက်ကမှဲ့နက်လေး နောက်ဆုံး အောက်နှုတ်ခမ်းဖူးဖူးလေးကိုကြည့်မိရုံနဲ့တင် တသိမ့်သိမ့်ရင်ခုန်သည်..။
ကျနော် သူ့ကို ချစ်နေပါပြီ..။ ချစ်ပါသည်...။
"ဘယ်လိုလုပ်ရပါ့မလဲ..ဘယ်လိုလုပ်ရင်ကောင်းမလဲ.. သိပ်ချစ်နေပြီ မဟုတ်လား.."
တစ်ဖက်ကမျက်နှာချင်းဆိုင် ခုတင်ပေါ်မှာ လဲအိပ်လိုက်ရင်း ညမီးအိမ်လေးအောက်က သူ့မျက်နှာကို ငေးကြည့်မိသည်။ ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ...။
မျက်ရည်က ခေါင်းအုံးပေါ်သို့ စီးကျလာတာ..။ မြတ်နိုးလွန်းလို့ မျက်ရည်ကျမိတယ်တဲ့လား..။