ကိုကို ခေါ်လာပေးတာက ရွာထဲက Swiss ရိုးရာ သစ်သားအိမ်လေး ဖြစ်လေတာ။
"ငါတို့အိမ်"
ကိုကို ကကျနော့်လက်ကို ဆွဲပြီး အိမ်ထဲကိုခေါ်သွားသည်။နံရံကပ်စက္ကူအဟောင်းလေးတွေ သစ်စေးနံ့လေးတွေ ဟောင်းနေတဲ့ပန်းချီကားလေးတွေ မီးလင်းဖိုလေးရယ်ကအဲ့ဒီတုန်းကအိမ်လေးလိုပါပဲ..။
"ဒီရောက်မှလိုက်ကြည့်ပြီး ရှာဝယ်ထားတာ မင်းနဲ့အတူတူနေဖို့.."
အခန်းလေးထဲက သစ်သားခုတင်ကတော့ နှစ်ယောက်အိပ်ဖြစ်သည်..။
ကျနော်ခေါင်းငုံ မျက်နှာလွှဲလိုက်မိတော့ ကိုကိုက ပြုံးသည်။ ပြီးတော့ သူ့အိတ်ထဲက အရုပ်ကိုထုတ်ပြကာ
"နတ်သားဝက်ဝံရုပ်က မင်းဖြစ်နေခဲ့တာလား"
"အင်း.."
"ငါနေမကောင်းဖြစ်နေလို့ သိပ်ကို စိတ်ရှုပ်ခဲ့ရတဲ့အချိန်ပေါ့ တစ်ယောက်ယောက်က ပြုံးပြီး ငါ့လက်ထဲကို ကော်ဖီဘူးထည့်ပေးသွားတယ်.. မျက်နှာကိုတော့ မမှတ်မိပေမယ့် လက်နွေးနွေးလေးကိုတော့ မှတ်မိနေခဲ့တာ.. ပိုက်ထားတဲ့စာအုပ်တွေကို မြင်လိုက်တော့ သူကဆေးကျောင်းသား ဖြစ်ပုံရပါတယ် နေမကောင်းတဲ့ အဘွားတစ်ယောက်ကို အားပေးနေခဲ့တာလေ.. သူ့ကိုကြည့်ပြီး အင်အားတွေရခဲ့တာ ငါလည်းတစ်နေ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရမယ်ပေါ့.. အခုတော့ သူကအရမ်းတော်တဲ့ ဆရာဝန်ဖြစ်နေပါပြီ"
"အဲ့ဒီတုန်းက ကျနော့်ကိုမြင်ခဲ့တာပဲ.. သိပ်ကိုဆန်းကြယ်လိုက်တာ.. ကိုကိုကျနော့်အရုပ်ကို ဘာလို့ပြန်လာမပေးတာလဲ စောင့်နေခဲ့တာ.."
"အခုပြန်ပေးမယ်.."
လက်ထဲကိုအရုပ်ထည့်ပေးကာ ကျနော့်မျက်နှာကို ခပ်ဖွဖွပွတ်သပ်နေတဲ့ ကိုကို့လက်ချောင်းလေးတွေက အေးနေချင်သည်။
"Tae မင်းကကို့အတွက်လို့ ကံတရားက သတ်မှတ်ပြီးပြီထင်တယ်.. ကိုတို့ကဘယ်လိုပဲလွှဲချော်ခဲ့ပါစေ ပြန်တွေ့ခဲ့ကြတာ.. ဒီတစ်ခါတော့ ကိုကအတင်းဆုံစေခဲ့ပေမယ့်ပေါ့.."
"သေချာဒီကို ပြောင်းလာတာပေါ့.."
"အင်း မင်းပြောင်းတဲ့ဆေးရုံကို တမင်လိုက်လာတာ"