Part 11

7.9K 1.1K 73
                                    

စိတ်ကိုအတတ်နိုင်ဆုံး ငြိမ်စေလိုက်ပြီး အိမ်အထိရောက်အောင်ပြန်ခဲ့လိုက်သည်။

ခေါင်းထဲမှာသိပ်ရှုပ်နေပေမယ့် ရသလောက်တော့ စဉ်းစားနေမိပြန်သေးသည်။ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ကျနော့်ကို အဖေက နှုတ်ဆက်သည်။

"သားပြန်ရောက်နေပြီလား"

"အလုပ်ကပြန်ရောက်ရောက်ချင်း မေးရမှာ အားနေပေမယ့် ကျနော်တို့စကားပြောရအောင်"

အဖေက လက်ဆွဲအိတ်ကိုချပြီး ကျနော့်ရှေ့မှာ လာထိုင်ကာ

"ရပါတယ် သားရဲ့"

"Prof.Han ကကျနော့်အမေလား"

ကျနော့်အမေးမှာ အဖေက ခဏတော့တိတ်ဆိတ်သွားပါ၏။

"သား.. မင်းဘယ်ကနေ ကြားခဲ့တာလဲ"

"အမွှာညီအစ်ကို ရှိခဲ့တာရော နှလုံးက သူ့ဟာဆိုတာကိုရော အားလုံးပြောပြပေးပါ"

အဖေက ကျနော့်ထက် အံ့အားသင့်နေပုံပါပဲ..။

"ပြောပြပေးပါ"

အဖေကကျနော့်မျက်လုံးကို သေချာမဆုံရဲချေ။

"အဖေပြောပြပါ့မယ်..
အဖေနဲ့ Prof Han ကဆေးကျောင်းအတူတူတက်ခဲ့ရင်း ချစ်ခဲ့ကြတယ်... အဖေတို့ကျောင်းမပြီးသေးခင်မှာပဲ Han ကကိုယ်ဝန်ဆောင်ခဲ့ရတယ်.. ဘာမှအဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခဲ့ရတော့ အဖေတို့မြန်မြန်ပဲ လက်မှတ်ထိုးပြီး ယူလိုက်ကြတယ် ဒီလိုမျိုးမပြည့်စုံတဲ့ကြားမှာ ဗိုက်ထဲက ကလေးက အမွှာတဲ့လေ.. ဆုလာဒ် လား အပြစ်ဒဏ်လားတောင် သေချာမသဲကွဲခဲ့တော့ဘူးပေါ့.. Han ကရည်မှန်းချက်မြင့်တဲ့သူမို့ သိပ်ကိုကြိုးစားခဲ့တာ.. သူကျောင်းတစ်နှစ် နားရတော့ အတော်လေး စိတ်ပျက်ပြီး ဒေါသလည်းဖြစ်ခဲ့တာပေါ့.. အဖေကလည်းကျောင်းသားပဲရှိသေးတာမို့ ဒီကလေးနှစ်ယောက်နဲ့ Han ကို ဘယ်လိုမှ တာဝန်ကျေအောင် မလုပ်နိုင်ခဲ့ဘူး.. သားတို့ တစ်နှစ်မပြည့်လိုက်ခင်ပဲ အဖေတို့ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်.. ကလေးနှစ်ယောက်ကို တစ်ယောက်ဆီယူဖို့ သဘောတူခဲ့ကြတယ်.. သားအကြီးကို Han ကယူထားပြီး Yoo Won ဆေးရုံဥက္ကဌနဲ့ ဒုတိယအိမ်ထောင်ပြုခဲ့တယ်.. သားအငယ်မင်းက ဖေဖေ့ဆီပါလာတယ်.. အခုသားရဲ့မေမေ Jewel နဲ့ဆုံခဲ့ပြီး မင်း ၃နှစ်ကတည်းက Bern ကိုရောက်လာခဲ့တယ်.. ကလေးမွေးလာရင် ပေးဖို့ဆိုပြီး သားတို့ ဗိုက်ထဲမှာရှိကတည်းက မှည့်ထားခဲ့တဲ့ 'Jungkook' ဆိုတဲ့နာမည်ကို Han ကလည်းအဖေမသုံးဘူးအထင်နဲ့ ပေးလိုက်တယ်ထင်ပါတယ်.. အဖေကလည်းမင်းအမေ ပေးခဲ့တာမို့ အဲ့ဒီနာမည်ကိုပဲ မှည့်လိုက်တာ 'Yoo Jungkook' နဲ့ 'Jeon Jungkook' ဖြစ်သွားတာကို နောက်မှသိခဲ့ရတာပါပဲ.."

Whispered To Your HeartDonde viven las historias. Descúbrelo ahora