မင်္ဂလာဆောင်ဖိတ်စာ တစ်စောင်ရောက်နေသည်။ Dr.Luna နဲ့ Dr.Monika တို့မင်္ဂလာဆောင် ဖိတ်စာဖြစ်ပါ၏။
"နောက်ဆုံးတော့ လက်ထပ်ကြတော့မယ်ပေါ့.."
သူနဲ့အရင်ခင်ခဲ့ပေမယ့် ကျနော့်အတွက်လည်းသူငယ်ချင်းကောင်းတွေပါ။
Dr Monika ဆီမှာဆေးကုသမှု ခံယူဖြစ်တာကလဲ သူ့ကြောင့်...။ အင်း.. အရာရာတိုင်းကို သူနဲ့လိုက်ပက်သက် ဆက်နွယ် စဉ်းစားနေတာကို ရပ်သင့်ပြီ..။
"Dr.Kim ၊ Monika တို့မင်္ဂလာဆောင်ဖိတ်စာ ရတယ်မဟုတ်လား"
အတွေးထဲမျောနေတာမို့ စကားသံ ရုတ်တရက်ကြားလိုက်ရတော့ လန့်သွားတာ။
"အိုး လန့်သွားလား တံခါးခေါက်လိုက်ပေမယ့် အသံမကြားတာနဲ့ ဝင်လာလိုက်တာ"
"အော.. ဖိတ်စာရပါတယ်"
"အတူတူသွားကြမလား Bern ထိဆိုတော့လေ"
အတူတူသွားဖို့ပြောနေတဲ့သူက CS ငှါနချင်းအတူတူက ကျနော့်ထက်တစ်နှစ်ကြီးတဲ့ စီနီယာ Surgeon ဖြစ်သည်။
"ဟုတ်ကဲ့ သွားကြတာပေါ့"
"Dr.Kim"
တံခါးရှေ့ကနေ လှမ်းခေါ်လိုက်တဲ့ သူ..။
"ဟုတ်ကဲ့ Dr.Jeon"
တံခါးဝကနေ ဖိုင်တစ်ခုလှမ်းပေးပါ၏။
"ဒီ Case အတွက် AS လိုတယ်"
Lymph Node Cancer ခွဲစိတ်မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဖြစ်သည်။
"ဒီ Case အတွက်ဆို Dr.Harry ကို လက်ထောက် လုပ်ခိုင်းလိုက်ပါ ကျနော်ကနောက်အပတ်မှာ ASD (Atrial Septal Defect) လူနာရှိနေတာမို့ အလုပ်ရှုပ်နေမှာပါ"
(ASD = နှလုံးအပေါက်ပါခြင်း)
"ဒါကမင်းအတွက် မခက်ခဲလောက်ပါဘူး မင်းမှာစကားစမြည် ပြောဖို့အချိန်တောင် ရှိနေသေးတာပဲ.."
အခန်းထဲဝင်လာပြီး စာတမ်းဖိုင်ကို လက်ထဲထည့်ပေး၍ ထွက်သွားသည်။ ဘေးက စီနီယာ Harry က စဉ်းစဉ်းစားစားနဲ့
"ငါဒီရက်ပိုင်း စကားအများကြီး ပြောမိလား။ အပင်ပန်းခံလိုက်ပါအုံး Dr.Kim AS ဘဝက ဒီလိုပဲအလုပ်ရှုပ်တယ်လေ"