"ကိုတို့အပြင်သွားကြမလား မထွက်တာကြာတဲ့ Date လေးလုပ်ကြမလား"
ကိုကို ကကျနော့်ကို ချော့သလိုလေး ပြောလေရဲ့။
"အတန်းရှိသေးတယ်မဟုတ်လား ကိုကိုက"
"တစ်ရက်ပဲဟာကို ဘာမှမဖြစ်ပါဘူး"
လွယ်အိတ် ကိုယ်ဆီလွယ် ကိုကို့စက်ဘီးနောက်က ခါးဖက်လိုက်ရင်း Bern မြို့ထဲကို ရောက်ခဲ့ပါတော့သည်။
Bern မြို့ကို ဝန်းရံပြီးစီးဆင်းတဲ့ Aare မြစ်ပေါ်က တံတားပေါ်မှာရပ်သည်။
ကြည်ပြာရောင် မြစ်ရေကတော့ Swiss မှာပဲတွေ့ရတာမျိုးပေါ့။ Aare မြစ်ထဲမှာ ရေကူးနေတဲ့ local တွေကိုလဲ တွေ့နေရသေးတာ။
"ကိုကိုရောဒီမှာ ရေကူးဖူးလား"
"ဒါပေါ့ လူတိုင်းကူးဖူးတယ် ဘာလို့လဲ ထူးဆန်းလို့လား"
"ဟန်မြစ်ထဲတော့ ရေမကူးကြပါဘူး"
"ရေကူးရလောက်အောင်ထိ မသန့်တာနေမယ်"
"သန့်ရှင်းပါတယ်နော်"
Taehyung နှုတ်ခမ်းလေးထော်ပြီး ခွန်းတုန့်ပြန်၍ မျက်စောင်းအသေးစားလေးလည်း ထိုးပါသေး၏။
"Bern မှာအလှဆုံး View ပဲဒီနေရာက"
"ဟုတ်ပါရဲ့"
စက်ဘီးကိုလက်တစ်ဖက်နဲ့တွန်းပြီး ကျန်တစ်ဖက်နဲ့ ကျနော့်လက်ကို ကိုင်ထားပြီး လျှောက်သည်။
"မင်းနဲ့တွေ့ဖို့ သွားမလို့"
"ငါလား"
မင်းနဲ့တွေ့ဖို့ဆိုပြီး Aare မြစ်ဘေးက ဝက်ဝံတွေကို လိုက်ပြတာ။