'ရန်ငြိုးပြယ်ချစ်ခြင်း´(အပိုင်း ၇)
ဒီလိုနဲ့သူမနဲ့ကျွန်တော်ကားပေါ်ရောက်ချိန်မှာသူမကကျွန်တော့်ကိုပြောတယ်
'ကိုကို´
'ပြောလေ"ယု"´လို့ကျွန်တော်ပြောလိုက်တော့သူမကချိုသာတဲ့အပြုံးလေးနဲ့ကျွန်တော့်ကိုမေးတယ်
'"ယု"နဲ့ရှိရတာကိုကိုပျော်လားတဲ့´အဲ့လိုမေးတော့
'ပျော်တာပေါ့"ယု"ရဲ့´လို့ကျွန်တော်ပြန်ပြော
တော့သူမက
'ကိုကို"ယု"ကိုချစ်လားဟင်´အဲ့လိုမေးလိုက်တော့ကျွန်တော့်မှာပြန်ပြောစရာစကားလုံးမဲ့နေခဲ့တယ်။သူမကိုလှမ်းကြည့်လိုက်ပြီးတော့
'ချစ်တာပေါ့"ယု"ရယ်´
'"ယု"ကိုချစ်ပေမဲ့"ယု"ဖေဖေကိုတော့ကိုကိုမိဘတွေအတွက်ကလဲ့စားပြန်ချေရမှာဘဲ´ဆိုပြီးစိတ်ထဲမှာပင်ပြောနေမိတော့တယ်။နှစ်ယောက်သားတစ်လမ်းလုံးစကားတပြောပြောနဲ့ဘဲနောက်ဆုံးမှာShopping Mallကိုရောက်ရှိလာတော့သည်။Shopping Mallလဲရောက်တော့သူမက
'ကိုကို ကိုကို´
'ပြောလေ"ယု"´
'"ယု"တို့ကိုကိုအတွက်အင်္ကျီအရင်သွားဝယ်ကြမယ်လာကိုကို´ဆိုပြီးကျွန်တော့်လက်ကိုဆွဲခေါ်သွားတော့တရွတ်ရွတ်နဲ့ဘဲကျွန်တော်ပါသွားတော့တယ်။ကျွန်တော့်အဖြစ်ကလေ
'ခွေးကလေးကိုကြိုးနဲ့ဆွဲကာခေါ်သွားမလား´အဲ့အဖြစ်နဲ့သွားတူနေတယ်လေ။ဟားးးးးးဟားးးးးးးးးးး။ကိုယ့်အတွေးနဲ့ကိုရီနေမိတော့သူမကလှည့်ကြည့်ပြီးကျွန်တော့်ကိုမေးတယ်
'ကိုကို´
'ကိုကို´အဆက်မပြတ်ခေါ်နေပေမဲ့ကိုယ့်အတွေးနဲ့ကိုယ်အရီမပြတ်ဘူးလေနောက်တော့မှ
'ကိုကို့´ဆိုပြီးလှမ်းတို့လိုက်တော့မှဘဲ
'ဟင်းးဟင်´
'ဘာတွေဒီလောက်တောင်မှသဘောကြနေတာလဲ ကိုကို´
'ဘာမှမဟုပါဘူး´
'သေချာလား´
'အင်း´
'အဲ့ဆိုသွားမယ်လေ´
'ဘယ်သွားမို့လဲ"ယု"´
'"ယု"ဗိုက်ဆာလို့မုန့်သွားစားမယ်လေ´
'ကိုကို နော်နော်နော်´
'ဟုပါပြီဗျာ´လို့ပြောပြီးသူမနဲ့အတူမုန့်စားဖို့ကော်ဖီဆိုင်တစ်ဆိုင်ကိုဝင်ထိုင်တော့ပြီးအမှတ်မထင်ဘဲသူမရဲ့ငယ်သူချင်းဖြစ်တဲ့'ဒေးဗစ်´နဲ့ဆုံတော့
'ဟေ့´
'နင်"ယုယ"မလား´
'ငါဒေးဗစ်လေ´
'ဒေးဗစ်နင်လား´
'"ယုယ"နင်ဘယ်တုန်းကရောက်တာလဲ´
'ငါမနေ့ကမှရောက်တာလေ´
'ဉီးလေးနဲ့ဒေါ်လေးတို့ရောနေကောင်းကြလား´
'အေးနေကောင်းကြပါတယ်´
'ဉီးလေးတို့ကိုမေးတယ်လို့ပြောပေးအုန်း´
'အေးပါဟ´
'ဒါနဲ့သူက´
'အော်မိတ်ဆက်ပေးဖို့မေ့နေတာ´
'ကိုကို သူ့နာမည်ကဒေးဗစ်"ယု"ရဲ့ငယ်သူငယ်ချင်းလေ´
'"ဒေးဗစ်"ဒါငါ့ကိုကို "သိင်္ခ"တဲ့လေ´
'ဟုတွေ့ရတာဝမ်းသာပါတယ်´
'ကျွန်တော်ရောဘဲ´
'"ယု"အလုပ်လေးရှိသေးလို့သွားတော့မယ်´
'ယောက္ခမကြီးတွေကိုလဲပြောလိုက်အုန်းနောက်မှအိမ်လာခဲ့တော့မယ်လို့´
'ဟိတ် ခွေးကောင်´
'သွားတော့မယ်နော်ကိုသိင်္ခအလုပ်လေးရှိသေးလို့´
'ဟုးးးးးဟု´
'သွားပြီတာတာ့ တာတာ့´ဆိုပြီးသူမရဲ့ငယ်သူငယ်ချင်း"ဒေးဗစ်"လဲသွားတော့ကျွန်တော့်စိတ်ထဲမှာတနှုတ်နှုတ်ဖြစ်နေတယ်။
'ရည်းစားလူလု အူနုကျွဲခတ်´ဆိုသလိုဘဲဒေါသပုန်ထပြီးဆိုင်ကနေအလောတကြီးထွက်လာတော့သည်။ထွက်လာတာနဲ့တစ်ပြိုင်နက်သူမကကျွန်တော့်နောက်ကိုပြေးလိုက်ပါတော့သည်။ကျွန်တော့်အနားရောက်တော့
'ကိုကို ကိုကို´
'ကိုကို ကိုကို´ဆိုပြီးသူမခေါ်နေပေမဲ့လဲမကြားချင်ယောင်နေတော့သည်။နောက်တော့မှကျွန်တော့်ကိုလှမ်းဆွဲလိုက်ပြီး
'ကိုကို´
'"ယု"ခေါ်နေတယ်လေ´
'ဘာလို့ပြန်မထူးတာလဲ´
'မထူးချင်လို့ပါကွာ´ဆိုပြီးဒေါသ သကြီးသူမကိုအော်လိုက်မိသည်။ကျွန်တော်လဲအော်တော့သူမက
'ကိုကို´
'"ယု"ကိုစိတ်ဆိုးနေတာလား´
'မဆိုးပါဘူး´
'အဲ့ဆိုဘာဖြစ်နေတာလဲ ကိုကို´
'ဘာမှမဖြစ်ဘူး´
'ဘာလဲ"ဒေးဗစ်"က"ယု"မိဘတွေကိုယောက္ခမကြီးခေါ် လို့စိတ်ဆိုးနေတာမလား´
'ဟုလား ကိုကို´
'သူကအဲ့လိုဘဲ အစအနောက်သန်တာ´
'"ယု"တောင်းပန်ပါတယ်နော်´
'နော်ကိုကို နော်ကိုကို´ပြောတော့ဒေါသ သကြီးနဲ့
'တော်လိုက်တော့"ယု"´
'ဘာဖြစ်လို့လဲကိုကို´
'တော်ပြီကွာ´
'ကားထဲကဘဲစောင့်နေတော့မယ်´ဆိုပြီးကျွန်တော်ကားရှိရာစီသို့ထွက်လာတော့သည်။အဲ့ဒီနောက်နှစ်ယောက်သားကားပေါ်ရောက်တော့
'ကိုကို ´
'"ယု"ကိုစိတ်မဆိုးပါနဲ့နော်´
'နော်ကိုကို´
'ကိုကိုမကြိုက်တာ"ယု"ဘာမှမလုပ်တော့ပါဘူး´
'နော်ကိုကိုနော်´လို့တတွတ်တွတ်သူမဘက်ကပြောနေပေမဲ့လဲကျွန်တော့်ဘက်ကတော့ဘာမှပြန်မပြောဘဲနဲ့
'ကိုသိန်း မောင်းတော့´ဆိုပြီးပြောလိုက်တော့သည်။အဲ့လိုနဲ့Shopping Mallကနေပြန်လာပြီးအိမ်လဲရောက်တော့ အခန်းစီကိုဘဲကျွန်တော်တန်းသွားသည်။အခန်းထဲလဲရောက်တော့တံခါးကိုဝုန်းကနဲ နဲ့ပိတ်လိုက်တော့သည်။တံခါးပိတ်ပြီးအခန်းထဲရှိပစ္စည်းတွေကိုပစ်ပေါက်ပြီးဒေါသထွက်နေတော့သည်။

YOU ARE READING
'ရန်ငြိုးပြယ်ချစ်ခြင်း'
Aksiသေဆုံးသွားပြီဖြစ်တဲ့မိဘတွေအတွက်ကလဲ့စားချေမဲ့မင်းသား"သိင်္ခ"နဲ့ မိဘတွေရဲ့ရုတ်မာကောက်ကျစ်မှုတွေကိုဘာမှမသိဘဲမင်းသားကိုမှရူးရူးမူးမူးချစ်မိနေတဲ့မင်းသမီး"ယုယ"တို့ရဲ့အကြောင်းလေးပါဗျ အားပေးကြပါအုန်းနော်