31▪️32▪️33▪️34▪️35

5.7K 712 25
                                    

Unicode

အခန်း(၃၁)-မိသားစုထံမှ အလည်အပတ်ရောက်လာ(1)

ယဲ့ကျစ်ချန်း ဘာတွေလုပ်ခဲ့လဲ သူမ မသိပေမယ့် သုံးရက်အတွင်းမှာပဲ သူမအကောင့်ထဲ ကျန်ရှိတဲ့ $1.2မီလီယံကို လက်ခံရရှိခဲ့တယ်။

သူတို့နှစ်ယောက် ကွာရှင်းစာရွက်မှာ တရားဝင် လက်မှတ်ထိုးခဲ့ကြပြီ။

"ပိုက်ဆံအများစုက ကလေးနှစ်ယောက်အတွက်ပဲ။ ရှုယန်၊ မင်းရထားတဲ့‌ငွေတွေကို မင်းဝမ်းကွဲနဲ့ မင်းမိသားစုကို ယူသွားခွင့်မပြုနဲ့" သူ့နာမည်ကို ရေးနေရင်း ယဲ့ကျစ်ချန်းပြောလိုက်တယ်။ရုတ်တရက်ကြီး အားလုံးက မှားယွင်းနေသလိုပဲ။

ဒီပိုင်ဆိုင်မှုအတွက် သူ အလုပ်ကြိုးစားခဲ့ရပြီး အရာအားလုံးက ရုတ်တရက် သူ့ဇနီးဆီ ရောက်သွားကြတယ်။သူထံမှ ပိုင်ဆိုင်မှုတွေကို ယူတဲ့နည်းလမ်းသာမက ကျောင်းကျောင်းရဲ့ ဂုဏ်သိက္ခာလည်း ပျက်စီးခံခဲ့ရတယ်။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရှင် စိုးရိမ်စရာ မလိုပါဘူး"လက်ထဲမှာ ကွာရှင်းခွင့်အမိန့် ကိုင်ထားတဲ့ ရှုယန်က စိတ်သက်သာရာရမှုနဲ့ သက်ပြင်းရှည်ကြီး ချလိုက်တယ်။သူမက သူ့ကို စာရွက်စာတမ်းအိတ် ကမ်းပေးပြီး ပြောလိုက်တယ်။"ရော့ ဒါက ကျန်တဲ့ပုံတွေနဲ့ ဆန့်ကျင်မယ့် အချက်အလတ်တွေ၊ အခုကစပြီး ကျွန်မတို့က သူစိမ်းတွေဖြစ်လာလိမ့်မယ်"

အစိုးရအဆောက်အုံအပြင်ဘက် ထွက်လာတော့ သူ့ကားမောင်းနေတဲ့ ရှုကျန့်ယန်ကို မြင်လိုက်ရာ ယဲ့ကျစ်ချန်း ထပ်မံ၍ နှုတ်ခမ်းရှုံ့တွသွားပြန်တယ်။သူက ကျောခိုင်းပြီး လမ်းလျှောက်ထွက်သွားတော့တယ်။

"ဖေဖေ!" ယဲ့ထျန်းပေါင်က ကားပြတင်းပေါက်ကနေ ခေါင်းပြူထွက်ပြီး သူ့ကိုလှမ်းခေါ်လာတယ်။

ယဲ့ကျစ်ချန်း ခန္ဓာကိုယ်က တုန့်ကနဲဖြစ်သွားပေမယ့် သူ လှည့်မကြည့်ဖြစ်ခဲ့ဘူး။

"ဖေဖေ!!"ယဲ့ထျန်းပေါင်က ထပ်မံအော်ခေါ်လိုက်ပေမယ့် သူ့အဖေက သူ့ကို ပြန်လှည့်မကြည့်လာတုန်းပဲ။

ကလေးလေးတွေက အကောင်းအဆိုးကို မသိကြဘူး။ လူကြီးတွေပြောတဲ့စကားဆီမှတစ်ဆင့် မှတ်သားသင်ယူကြတယ်။ အဘွားယဲ့က ကလေးတွေကို အမြဲတမ်း ပြောလေ့ရှိတယ်။ သူတို့အဖေက သူတို့ကို ထောက်ပံ့ဖို့အတွက် အပြင်မှာ ဘယ်လိုအလုပ်ကြိုးစားနေကြောင်း ၊ သူတို့အဖေက သူတို့အပေါ် ဘယ်လောက်ကောင်းကြောင်းတွေပေါ့။ ကလေးနှစ်ယောက်က ယဲ့ကျစ်ချန်းကို ခကြာခဏ မတွေ့ရပဲနေစေကာမူ သူတို့အဖေကို အများကြီး ရိုသေလေးစားနေတုန်းပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Wo Geschichten leben. Entdecke jetzt