အခန်း (၂၀၆) - "အစ်ကိုသုံး သူတို့ကို ကျွန်မဘယ်မှာနေတာ ဒါမှမဟုတ် ကျွန်မကို ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ မပေးနဲ့နော်" (2)
ပြန်လည်သက်သာလာစဉ်အတွင်း ရှုယန် အလွန်အမင်း သတိရှိတယ်။ နေထွက်နေသ၍ ဦးထုပ်နဲ့ ထီးနဲ့ပဲ အိမ်ပြင် အမြဲထွက်တယ်။
ဒီနေ့ ရာသီဥတုအခြေအနေက ကောင်းတာကြောင့် ဟူရွေ့ ရွှယ် တစ်ယောက် သူမနဲ့ သူမကလေးတွေကို အပျော်ခရီးထွက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ အပြင် ဘက် နေရောင်ကို ကြည့်ပြီး ရှုယန် ခရီးထွက်ဖို့ တွန့်ဆုတ်သွားတယ်။
"ငါအခုထိ နေရောင်အောက် မသွားနိုင်သေးဘူး။ ငါတို့ ဘာလို့ နွေဦးရာသီကျမှ မသွားတာလဲ။ နောက်ပိုင်းဆို သူမ ပြန်သက်သာလာမှာ သူမသိတယ်။
"ငါက နင့်ကို နေရောင်အောက် သွားထိုင်ဖို့လည်း မတောင်းဆိုပါဘူးဟယ်။ ငါက မြက်ခင်းလွင်ပြင်ကြီးရှိတဲ့နေရာကို ပြောတာ။ နင့်ကလေးတွေကို အဲ့မှာ ကစားခိုင်းပြီး ငါတို့ကတော့ နားနေခန်းကနေ စောင့်ကြည့်ကြမယ်လေ။ အနားယူဖို့အတွက် အပြင်ထွက်ခဲ့တဲ့ နောက်ဆုံးအချိန်ကို ပြောကြည့်စမ်းပါဦး" ။ သူမအိမ်၊ သူမဆိုင်၊ လောင်ကျန်းရဲ့ နေရာ၊ သူတို့အတူ ရှိတဲ့နေရာ__ရှုယန်ရဲ့ အခြေအနေကို ဟူရွေ့ ရွှယ်သိတယ်။ သူမမှာ အနားယူချိန် မရှိဖူးဘူး။
"ငါတို့နှစ်ယောက်နဲ့ ကလေးတွေပဲလား"
နန်မြို့တော်ကို ရောက်ကတည်းက ရှုယန် ဘယ်တုန်းကမှ အမှန်တကယ် အနားမရခဲ့ဘူး။ သူမ မနက်တိုင်း အိပ်ရာစောစောထပြီး ကလေးတွေကို ကျောင်းပို့ပြီးရင် ဆိုင်ကို သွားရလိမ့်မယ်။ ညနေကျရင် သူမကလေးတွေကို အပြေးအလွှားသွားကြိုရမှာ ဖြစ်ပြီး ညစာ ပြင်ဆင်ရလိမ့်မယ်။ ညစာစားပြီးရင် ပန်းကန်ဆေး၊ လှည်းကျဉ်းပြီး အဝတ်လျှော်ရလိမ့်မယ်။သူမ အလုပ်ပြီးချိန်ဆို ည ၈ နာရီကျော် ၉ နာရီ ဖြစ်နေပြီ။ သူမ ရေချိုးကာ ကလေးတွေနဲ့ အိပ်ယာဝင်မှာဖြစ်ပြီး တစ်နေ့တာက ပြီးဆုံးသွားပြီဖြစ်တယ်။
တခြားသူတွေက ပိတ်ရက်ဆို အနားရပေမယ့် သူမကတော့ ပိုတောင် အလုပ်ရှုပ်သေးတယ်။သောကြာနေ့ ညနေ ကလေးတွေကို သွားကြိုပြီးရင် ဟန်မြို့တော်ကို သွားရလိမ့်မယ်။ ပစ္စည်းရောင်းဝယ်ခြင်းက မနက် ၄ နာရီမှာ စတင်မှာ ဖြစ်ပြီး နောက်ဆုံး အချိန်က မနက် ၇နာရီထိ ဖြစ်တယ်။သူမ ချက်ချင်းပြန်သွား၊ အထုတ်ဖြည်ကာ၊ လိုက်ဖက်ရာ တွဲပြီး ချိတ်ဆွဲပြသရလိမ့်မှာ ဖြစ်ပြီး ကလေးအတွက် နေ့လည်စာချက်ဖို့ အိမ်ပြန်ကာ တရေးအိပ်လိမ့်မှာ ဖြစ်တယ်။ထို့နောက် တစ်ကြိမ် ထပ်မံပြီး ညစာစား၊ ပန်ကန်ဆေး၊ သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်တွေ ထပ်လုပ်တယ်။ အဆုံးကို မရှိဘူး။
أنت تقرأ
သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||
عاطفيةTitle ➪ Transmitgated into a parvenu's Ex-wife in the '90s(TPE) Author(s)➪ Xue Ye English Translator(s)➪Fringe Capybara Status in COO ➪148(completed) ★It's not mine. ★Credit to original author and english translator. ✩✩✩✩✩