137▪️138▪️139▪️140

3.7K 429 6
                                    

အခန်း(၁၃၇)-မျက်နှာသာဆိုင်(3)

ရှုယန် ကျန်းဟွာရွှီကို ကြည့်လိုက်တယ်"နင်ရော ပိတ်ရက်လိုချင်လား။ နင် အလုပ်စဆင်းကတည်းက တစ်ခါမှ ပိတ်ရက် မယူခဲ့ဘူးလေ။ တစ်လနီးပါးတောင် ရှိနေပြ‌ီ။ အလုပ်ချည်းပဲ လုပ်မနေနဲ့။ အနားယူဖို့လည်း လိုအပ်တယ်။"

"အဆင်ပြေပါတယ်။ ကျွန်မက သွားစရာ ကိစ္စမရှိဘူး။ အရင်ရက်ကတည်းက ပရိုမိုးရှင်းပြီး သွားတာဆိုတော့ အလုပ်လည်း သိပ်မများ‌တော့ ကျွန်မ မပင်ပန်းပါဘူး။ ကျွန်မက အိမ်မှာနေလည်း လုပ်စရာမှ မရှိတာ။" ကျန်းဟွာရွှီက သူမကိုယ်သူမ အနားယူခွင့် မပြုနိုင်ဘူး။ နားရက်မယူခဲ့ရင် ၃၀ယွမ် အပိုရလိမ့်မယ်လို့ လောင်ပန်နျောင် ပြောထားခဲ့တယ်။ အဲ့ဒါက တစ်နေ့၁၅ယွမ်လေ။

လူအားလုံးကတော့ မတူညီကြပါဘူး။ အချို့လူတွေက အတန်အသင့် ပေါ့ပေါ့ပါးပါးနေကြပြီး ပိတ်ရက် ယူကြတယ်။ တချို့လူတွေကတော့ ငွေပိုရဖို့အတွက် အလုပ်ပိုလုပ်ရတာကို စိတ်ထဲမထားကြဘူး။

အဲ့နေ့လည်ခင်းမှာ လောင်ဟူက သူမကိုရှာဖို့ ရောက်လာတယ်။ ရှုယန်က သူမ နဖူးပေါ် ဖက်ကနဲရိုက်လိုက်တယ်။ သူမ နေစရာနေရာ ရှာတွေ့ပြီဆိုတာ လောင်ဟူကို အသိပေးဖို့ မေ့နေတာပဲ။

"ကျွန်မတောင်းပန်ပါတယ်။ အရင်ရက်က အလုပ်ရှုပ်နေတော့ လုံးဝမေ့သွားတယ်။ ကျွန်မ အခု မိုတယ်ရဲ့ ဘော့စ်ရဲ့ နေရာမှာ နေနေတာ။ သူက ကျွန်မကို လအနည်းငယ်လောက်တော့ ငှားနိုင်ပါတယ်တဲ့။ ကျွန်မက သူတို့ နေရာကို ရွှေ့တောင် ရွှေ့ပြီးသွားပြီဆိုတော့ ငှားဖို့နေရာ မရှာတော့ဘူး"

"အိုး အဆင်ပြေတာပေါ့။ ငါက ဘာမှမရှာနိုင်ခဲ့ဘူးဆိုတာ မင်းကို သွားပြောမလို့ပဲ။ မင်းဘာမင်း နေရာရှာတွေ့သွားတော့ ကောင်းတာပေါ့။ ငါဒီနေ့ လာတာက တခြားကိစ္စပါ။ မင်းသိပါတယ်။ မင်းဆိုင် မျက်စောင်းထိုးက Apple Men's Wear ဆိုင်လေ။ သူတို့ဆိုင်ပိတ်သွားပြီ။ ပိုင်ရှင်က နေရာကို ရောင်းဖို့ ရည်ရွယ်ချက်ရှိပုံပဲ။ မင်းစိတ်ဝင်စားလား" လောင်ဟူက အသံတိုးတိုးနဲ့ မေးလိုက်တယ်။"

" ဒါပေါ့ ကျွန်မစိတ်ဝင်စားတယ်" ရှုယန်ရဲ့မျက်လုံးတွေ တလက်လက်တောက်ပလာတယ်။ ဒါက စိတ်ကျေနပ်စရာ အံ့အားသင့်မှုပါပဲ။"သတ်မှတ်ချက်နဲ့ အခြေအနေတွေက ဘာတွေလဲ "

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Nơi câu chuyện tồn tại. Hãy khám phá bây giờ