271▪️272▪️273

2.4K 271 2
                                    


အခန်း(၂၇၁)

အဲ့ဒါက လုံးဝ မတူဘူး။ရှုယန်မှာ ငွေဘယ်လောက်များများ ရှိလဲဆိုတာ ဝူရွှီယွဲ့ မခန့်မှန်းတက်ဘူး။ သူမက တိုက်ခန်းဝယ်နိုင်ပြီး ငွေကြေး ပြက်လက်မှု မရှိတာတော့ ခန့်မှန်းရခက်တယ်။ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ငွေသိန်းပေါင်းများစွာ ရင်းနှီးခြင်းက သူမအတွက်တော့ မဟုတ်ခဲ့ဘူး။ အကယ်၍ သူမ ငွေတွေ အားလုံးအရှုံးပေါ်ခဲ့ရင် ငွေအားလုံးဆုံးရှုံးသွားပြီပဲ။ ဝူရွှီယွဲ့ အတွက်တော့ တူညီတယ်လို့ မပြောနိုင်ဘူး။ ဆိုင်ထဲ ပုံထည့်ထားတာက သူမရဲ့ စုငွေအားလုံး ဖြစ်တယ်။ အားလုံးသာ အရှုံးပေါ်သွားရင် တကယ့်ကို အားလုံး ဆုံးရှုံးသွားပြီ။

ပြီးတော့ သူမ နှစ်တွေ ဘယ်လောက်များများ အိမ်မှာ အိမ်ရှင်မ လုပ်ခဲ့ရသလဲ။ သူ့မ ကလေးတွေကို ပျိုးထောင်ပြီး အိမ်အလုပ်တွေ လုပ်နေခဲ့တယ်။ ဘာလုပ်ငန်းမဆို အတွေ့အကြုံမရှိဘူး။ ရှယန် ဘယ်လောက်များများ ရှာနိုင်ခဲ့လဲဆိုတာကို သူမ သိချိန်မှာ သူမ ခေါင်းထဲ အတွေးရောက်လာခဲ့ပြီ။ ပြန်ပြောင်း တွေးမိမှ ဒါကို သူမ အများကြီး နောင်တရမိတယ်။

အရေးကြီးဆုံးအလုပ်ကိုတော့ ရှုယန်လုပ်နိုင်တာ သိပ်မရှိဘူး။ ဝူရွှီယွဲ့ ကိုယ်တိုင်ကျော်လွှားရလိမ့်မယ်။

"ငါ့မှာ နောက်ထပ် အကူအညီတောင်းစရာရှိတယ်။ ဆိုင်ခန်းက အစက အထည်ဆိုင်ဆိုတော့ ငါ ပြုပြင်မွမ်းမံဖို့ သိပ်မလိုခဲ့ဘူး။ ဒီနေ့ပြီးအောင် လုပ်လို့ရလောက်ပေမယ့် ငါ ကုန်ပစ္စည်းတွေ ဘယ်က ယူရမလဲမသိဘူး။ နင်ငါ့ကို လမ်းညွှန်ပေးနိုင်မလား" အဲ့အတွေးက ဝူရွှီယွဲ့ကို ထပ် စိုးရိမ်လာစေပြန်တယ်။

"ဒါက ပြဿနာ မဟုတ်ပါဘူး။ နောက်တစ်ခါကျရင် နင် ငါနဲ့လိုက်ခဲ့လိုက်ရုံပဲ" ရှုယန် သူမပြောတာကို ချက်ချင်း သဘောတူလိုက်တယ်။

ရှုယန်က ဒီတစ်ပတ်သွားရမှာမို့ ဝူရွှီယွဲ့ကို ခေါ်သွားဖို့ ပြင်လိုက်တယ်။ ရှုယန် ဝူရွှီယွဲ့ကို ဟန်မြို့တော်က လမ်းတွေကို ညွှန်ပြပေးခဲ့တယ်။

" ဟန်မြို့တော် ခရီးစရိတ်က ယွမ် ၈၀ ရှိတယ်။ ငါတို့နှစ်ယောက်တည်းဆို ဖြုန်းတီးရာကျတယ်။နောက်တစ်ခါဆို လေးယောက်သွားသင့်တယ်။"ဝူရွှီယွဲ့က အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now