part (2) { Zawgyi }

787 37 2
                                    

ဒေါ်နုယဉ်နွဲ့တစ်ယောက် အိပ်ပျော်နေသော သူမ၏သမီးငယ်လေးအား တမေ့တမောကြည့်ရင်း လွန်ခဲ့သော ၁၂ နှစ်ခန့်ဆီသို့...အတွေးစတို့ပြန့်လွှင့်သွားရပြန်တော့။

"အမ..." လမင်း ထမင်းဆိုင်လေးရဲ့ ကောင်တာမှာထိုင်ကာ တစ်နေ့ရသောဝင်ငွေတို့ကိုရေတွက်နေသော အမျိုးသမီးငယ်အား စားပွဲထိုးကောင်လေးဖြစ်သူမှမဝံ့မရဲခေါ်လိုက်လေသည်။

"အင်း..." ထိုအမျိုးသမီးမှာ မော့ကြည့်ကာ 'ဘာလည်း'ဆိုသောအကြည့်ဖြင့်သာ ကြည့်လိုက်လေသည်။ ထိုအမျိုးသမီး၏ မျက်နှာအနေအထားမှာတည်တံ့လွန်းလှသည်။ ဝံ့ဝါမှုအပြည့်ရှိနေသည်။

ထိုကောင်လေးသည် မည်သည့်စကားမှမဆိုပဲ ကြောင်ကြောင်လေးရပ်ကြည့်နေလေသည်။
"မင်း လာစာထုတ်ရက်မရောက်သေးဘူး..အထွန်း..."

"အမ အဲလိုမဟုတ်ပါဘူး..." အထွန်းဆိုသော ထိုစားပွဲထိုးကောင်လေးသည် ပြာပြာသလဲငြင်းရှာလေသည်။သူက မအူမလည်မေ့တတ်သူမို့ အမြဲလိုလို လစာထုတ်ရက်မရောက်ပဲကြိုတောင်းတတ်ခြင်းကြောင့်သာ။

"အဲဒါဆို မင်းဘာပြောချင်လို့လည်း...ပြောစရာမရှိရင်...မင်း ပြန်လို့ရပြီ..တို့လည်းဆိုင်သိမ်းတော့မှာ..."
ထိုအမျိုးသမီးသည် သူမ ပြောချင်သောစကားကို အေးဆေးစွာဆိုရင်း ပိုက်ဆံသေတ္တာအားသော့ခတ်ကာ ထိုနေရာမှထဖို့ပြင်လိုက်လေသည်။သူမ ထိုမျှအခြေအနေတွေအများကြီးလှုပ်ရှားပြီးသည့်တိုင် အထွန်းဆိုသော ကောင်လေးမှာ ထိုနေရာ၌ရပ်လျှက်သာ။

"ဟိုလေ..အမ...ကျွန်တော့်...တစ်ခုလောက်တောင်းဆိုချင်လို့ပါ.." ထူးထူးဆန်းဆန်းဆိုလာသောအထွန်းစကားကြောင့် ထိုအမျိုးသမီးဖြစ်သူမှာ အနည်းငယ်တော့အံ့ဩသွားသည်။ ထိုကောင်လေးသည် ကျပ်မပြည့်သူလေး မိဘဆွေမျိုးမရှိပဲ အမေအိုကိုသာသူတတ်သလောက်လုပ်ကျွေးနေသူဖြစ်လေသည်။

"အွန်း ဘာပြောချင်လို့လည်း..." ထိုအမျိုးသမီးမှာ ကောင်တာ၌ ပြန်ထိုင်ရင်း အထွန်းစကားကို နားထောင်ပေးဟန်ဖြင့် ကြည့်နေလေသည်။

"ကျွန်တော့်ကိုလေ ပုံမှန်ပေးနေကျထက် ထမင်းကျန်‌လေးတွေပိုပေးပါ့လား အမ..." အူကြောင်ကြောင်ကောင်လေးမှာထိုမျှတောင်းဆိုလာတော့ အံ့ဩမိလေသည်။ စိတ်အလိုမကျဟန်ဖြင့် မျက်ခုံးကိုကျုံ့ကာ ခပ်စိမ်းစိမ်းကြည့်ရင်း"မင်း လည်း လောဘတတ်နေပြီပေါ့လေ.."ဟုဆိုလိုက်လေသည်။

ချစ်ခွင့်သာရှိခဲ့ပါလျှင်Where stories live. Discover now