"အစ်မ....အစ်မ...." နုယဉ်တစ်ယောက်အလန့်တကြားခေါ်သံကြောင့် ဟင်းချက်ဖို့ ပြင်ဆင်နေသည်မှာရပ်သွားလေသည်။
"ဘာဖြစ်လာတာလည်း..ကုလားလေးရဲ့.." နုယဉ်မှာ ထိုမျှမေးရင်း အသံလာရာဘက်ကိုလှည့်ကာစကားဆိုလိုက်လေသည်။
"ဟိုလေ .အထွန်း..အထွန်း မနေ့ညကဆုံးပြီတဲ့..."အခုမှသိရသော သတင်းအား အလန့်တကြား လာကာ သတင်းပေးနေလေသည်။
"ဘယ်လိုဘယ်လို..." နုယဉ်မှာ လက်ထဲမှကိုင်ထားသောဓားကို သတိလွတ်စွာလွှတ်ချလိုက်မိလေသည်။ သူမထိုအကြောင်းအရာကို မသိရသေးပေ။
"ဘယ်လိုဖြစ်ရတာလည်း...မနေ့ညကတောင် ဒီကပြန်သွားတုံးကအကောင်းကြီမလား..."
"ဟုတ်တယ်..မနေ့ညက ကားတိုက်ခံရတာတဲ့..နေရာတင်ပွဲချင်းပြီးဆုံးသွားတာ... အီး.. ကြောက်စရာကြီးရယ်..."ကုလားလေးမှာပြောရင်း ကြက်သီးတွေထလာလေသည်။
"ဟုတ်တယ် သမီးရေ...အဒေါ်တောင်မနက်ကနာရေးအိမ်ရောက်ခဲ့ပေါ့..."
"ဟုတ်လား...ဒေါ်မြ... ဘယ်ချိန်ချမှာလည်း..."
"၉နာရီလို့တော့ပြောတယ်...သမီးရဲ့..."
"အော်...နုယဉ်သွားလိုက်ပါအုံးမယ်နော် ဒေါ်မြရယ်...ဒီနေ့တစ်ရက်တော့ဆိုင်ပိတ်လိုက်ပါတော့...." နုယဉ် လုပ်လက်စအလုပ်တွေကို ထားခဲ့ပြီးဒေါ်မြကိုခေါ်ကာ အထွန်းတို့အိမ်ဘက်သို့ထွက်လာခဲ့သည်။
အထွန်းတို့ကဆင်းရဲသလို ဘယ်သူမှလည်းအရေးတယူအဖက်မလုပ်ကြပြန်တော့လည်း ရပ်ကွက်အပြင်တဲကုပ်ကလေးမှာနေရရှာသူတွေသာ။ နာရေးအိမ်သာဆိုသည် ဆင်းရဲသူမို့ သိပ်တော့မစည်ကားလှပေ။
"သားရေ..အမေ့သားလေး...လူလိမ္မာလေးရေ...အခုတော့အမေ့ကိုထားသွားပြီပေါ့..."
အမယ်အိုတစ်ယောက်ရဲ့ နာကျင်စွာဖြင့်အသက်မဲ့သောအထွန်းရဲ့ခန္ဓာဘေး အော်ဟစ်ငိုကြွေးနေလေသည်။"အော်...အမ လာလာထိုင်ပါ...ဒေါ်မြရောပါလာတာပဲ..ထိုင်ကြပါ..."
အိမ်နီးချင်းဖြစ်ဟန်တူသော အမျိုးသမီးမှာ နုယဉ်အား ဧည့်ခံကာနေလေသည်။"ဆရာမလေး...အထွန်းလေ...သားလေး အထွန်း...ဆရာမရဲ့တပည့် အထွန်းလေ...သေသွားပြီတဲ့..." နုယဉ်ရဲ့လက်ကိုဆွဲကာ ငိုရင်းဆိုလာပြန်တော့ နှစ်သိမ့်ကာအားပေးရပြန်သည်။ အထွန်းအမေကတော့ နုယဉ်ကိုဆရာမလေးဟုသာခေါ်တတ်သည်။ သူ့သားကိုအလုပ်ပေး ထမင်းကျွေးနေတဲ့ ထမင်းရှင်မို့တရိုတသေ ဆရာမလေးဟု ခေါ်ခြင်းပင်သည်။
YOU ARE READING
ချစ်ခွင့်သာရှိခဲ့ပါလျှင်