"မောင်..." နုယဉ် မှာတစ်စုံတစ်ရာကိုလေးနက်စွာစဉ်းစားရင်းပင် ဘေးချင်းကပ်လျှက်မှခေါ်လိုက်လေသည်။ သောက်လက်စ ထောပတ်သီးဖျော်ရည်ဖန်ခွက်ကို ခုံပေါ်သို့ပြန်တင်ရင်းပင် ကိုင်လိုက်ချလိုက်ဖြင့်အလုပ်ရှုပ်နေလေသည်။"အင်း.."စောရန်နောင်မှာ နုယဉ်အား ဂရုမစိုက်အား သူလုပ်လက်စ voice message file ကိုဖွင့်ရင်းအလုပ်ရှုပ်နေလေသည်။
"မ မောင့်ကိုဒါလေးတစ်ချက်နားထောင်ပေးပါအုံး..."နုယဉ်မှာ အလုပ်ကိုပင်အာရုံမစိုက်နိုင်ပေ။ဖျော်ရည်ခွက်ထဲမှ ရေခဲတုံးတို့အား ပိုက်ဖြင့်မွှေရင်းပင်။
"မောင်လို့ဆို...မပြောစရာရှိလို့ပါ""မောင်ကကွာ မ ပြောနေတာကိုအလေးလဲမထားဘူး..." နုယဉ်မှာနှုတ်ခမ်းတို့အား အနည်းငယ်ဆူရင်း စိတ်ကောက်နေဟန်တူ၏။
"အွန်းပါ ပြောလေ မရဲ့...မောင် ဒီမှာ အလုပ်လုပ်နေတာ...မ ပြောတာလဲ နားထောင်နေပါတယ်..." ရန်နောင်မှာ laptop screen ပေါ်မှ မျက်နှာတို့အကြည့်မလွှဲ။
"တော်ပြီကွယ် မပြောတော့ဘူး..." နုယဉ်စိတ်မကြည်စွာဖြင့်ပင် ပြန်ဆိုလိုက်လေသည်။ "မောင် ဟာ တစ်ခါတစ်လေတော့ထိုသို့ကြည့်ပင်"ဟု စိတ်ထဲမှကျိတ်ကာဆိုမိလေသည်။
နုယဉ်ရင်ထဲ၌လဲ မောင်နှင့်ပတ်သတ်မှုတို့နှင့်ရယ် လေးနှင့်ပတ်သတ်တဲ့စိုးရိမ်စိတ်တို့ရယ်ဖြင့် ပူလောင်နေရလေသည်။ လေးမှာ နုယဉ်ကို မကျေမချမ်းကြည့်တတ်သေးသည်။ တစ်ခါတစ်လေ စိတ်မကျေစွာ စကားဆိုတတ်ပြန်သည်။ ဟိုနေ့ကလဲ လေးမှာ နုယဉ်ကို စိတ်ဆိုးစိတ်ကောက်ပြနေသေးသည်။"အန်တီ..."
"သမီးပြော..."နှစ်ယောက်သားအတူတူ ရုပ်ရှင်ကြည့်နေရင်း လေးမှာ နုယဉ်မျက်နှာအားမလွတ်တမ်းအကဲခတ်နေလေသည်။
"ဟိုနေ့ကလေ ဆိုင်ကို အန်တီ့သူငယ်ချင်းလာသွားသေးတယ်..." နုယဉ်မှာ စိတ်ဝင်စားစွာဖြင့် လေး ဘက်ကိုလှည့်ကာစိတ်ဝင်စားစွာဖြင့်ကြည့်ရှာလေသည်။သူမ သူငယ်ချင်းတွေနှင့်ဝေးကွာနေသည်မှာလဲ ကြာချေပြီ။
"အန်တီ့အကြောင်းကိုစုံလို့မေးသွားတာမှ"လေးမှာ စကားကိုဆက်ရင်း နှုတ်ခမ်းလေးဆူကာ မမောတမ်းပြောနေလေသည်။ လေး မကျေနပ်မှုတို့များရင် ထိုမျှစကားကိုအဆက်မပြတ်ဆိုတတ်သေးသည်။
YOU ARE READING
ချစ်ခွင့်သာရှိခဲ့ပါလျှင်