part 7

861 89 9
                                    


"မ...ဒီဘက်...." စောရန်‌နောင်လက်လှမ်းပြသော ဆိုင်အတွင်းဘက်ရှိရာသို့ ‌နုယဉ်လမ်းလျှောက်လာလေသည်။

ကော်ဖီဆိုင်လေးမှာတော့လူရှင်းလှပေသည်။
အေးအေးဆေးဆေးရှိလှသည်မို့တော့ ‌နုယဉ်သဘောကျမိပါသည်။

"တို့နဲ့တွေ့ချင်တာ ဘာလို့လဲ..."စကားကိုတိုပြတ်ပြတ်ဆိုသည်မှာ နုယဉ်၏ ပုံစံလိုလေးပင်။

"မ ကလဲ..."

"အဲ့လိုမခေါ်နဲ့လို့ဘယ်နှခါပြောရမလဲကွယ်..ခက်လိုက်တာ..." နုယဉ်ပြောလာသောစကားကို ရန်နောင်မှာ ပြုံးစိစိဖြင့်ပင်သဘောကျနေရှာလေသည်။

"အဲ့ဒါဆိုလဲ အလုပ်ကိစ္စပြောရအောင်လေ..."

"မင်းပြောချင်တာ အလုပ်ကိစ္စရောဟုတ်ရဲ့လား..." မယုံသောမျက်ဝန်းတို့ဖြင့်ကြည့်ကာ ဆိုချေသည်။

"တစ်ခြားအကြောင်းရောပေါ့ဗျာ..."

"ပြောင်တိပြောင်ချော်တွေလုပ်မနေစမ်းနဲ့ ....တို့ ကမင်းထင်သလိုလဲမအားဘူး..." နုယဉ်မှာ ရန်နောင့်အားစိတ်ရှုပ်စွာဖြင့်ဆိုလိုက်လေသည်။

"ကျွန်တော်တောင်းပန်ပါတယ်...အနှောက်အယှက်ဖြစ်သွားစေမိရင်လဲ.. " ထိုမျှစိတ်မကောင်းစွာဆိုလာသော မျက်နှာညှိုးငယ်ငယ်မှာ နုယဉ်စိတ်အားပျော့ပျောင်းစေခဲ့ပြန်သည်။

"ကျွန်တော်လေ...ဒီရက်ပိုင်းတွေမှာအရမ်းသတိရနေခဲ့တာ..." စကားကိုအေးဆေးနူးညံ့စွာဆိုရင် ညှိုးငယ်သော မျက်ဝန်းနက်တို့မှာ နုယဉ်အပြောတို့ပင်မာသွားသည့်အလား နောင်တရစေသည်။ နုယဉ်လဲသတိ‌‌ရနေခဲ့ပါသည်။ အချိန်ကြာအောင်နှလုံးသားထောင့်တစ်နေရာမှ မြေမြုပ်ထားခဲ့သော ထိုလူသားလေးဟာ အခုတော့လဲ ကျွန်မရှေ့၌ မားမားမတ်မတ်‌ပင်။

မပြောင်းလဲပါ‌ပဲ မနေ့တနေ့ကလိုပင် ရှိနေခဲ့သည်။ နှစ်ပေါင်းရက်ပေါင်းတွေဝေးကွာခဲ့ကြရတာ၌ယှဉ်ရင် နုယဉ်နှလုံးသားလေးမှာ သူ့ကိုမြင်ရသောခဏ၌ လတ်ဆတ်လို့နေသေးသည်။ အမှန်ဆို နုယဉ်မတွေ့မိအောင်ရှောင်နေခဲ့သောအချိန်တွေနဲ့ တွေ့ဖို့အကြောင်းဖန်လာသော အချိန်မှာပင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်တဲ့လား။

ချစ်ခွင့်သာရှိခဲ့ပါလျှင်Where stories live. Discover now