ရာဇဝင်လာသတို့သားနှင့် သူဌေးမင်း
(သူဌေးမင်း ဦးထန်ရိုင်း + ဟုဟု)Blackclock
…………………………………………………
အပိုင်း ၁
" ဖွားမေ "
"ပြောလေ မြေးလေး""သားသူငယ်ချင်းတွေက
ပြောတယ် ဖွားမေ"မြေးဖြစ်သူ အိပ်ရာလေးအထက်မှ
အိပ်ရာဝင်ခါနီး စကားပြောလာ၍ လုပ်
လက်စအလုပ်ကို ချကာ ဖွားမေ ထ
လာမိလေသည်။ အိပ်ရာလေးထက်က
မြေးပေါက်စလေးအနား ထိုင်မိလေသည်။"ဘာပြောသလဲ မြေး"
"အော် သူတို့ဇာတ်ကားထဲ
ကြည့်ဖူးတာ အချိန်ခရီးသွားဆိုတာ
တကယ်ရှိတယ်ထင်တာ ဆိုလား""အချိန်ခရီးသွား ဟုတ်လား မြေး"
"ဟုတ် ဖွားမေ ဘယ်လိုမျိုးလဲဟင်"" ဖွားမေ တောင်းပန်ပါတယ်ကွယ်
ဖွားမေ မြေးအတွက် တီဗွီလေးတောင်
မဝယ်ပေးနိုင်တော့ အခုလို ခေတ်နောက်ကျ
ရပြီ""ဟာ သားအိပ်တော့မယ် အဲ့ဒါဆို"
အလိုသိလွန်းသော ကလေး။ မိဘမဲ့ခဲ့
ရသော မြေးလေးကို ရင်ဝယ်ပိုက် မပြေး
ခင်က ရွှေရောင်နေ့ရက်များကို တွေးမိ
ရင်း အလိုက်သိသော မြေးကို ကြည့်မိ
လျက် မျက်ရည်ကျရပြန်လေသည်။"ဖွားမေ စိတ်မကောင်း ဖြစ်လို့
မဟုတ်ပါဘူးကွယ် လာ ဖွားမေ ပေါင်ပေါ်
လှဲလိုက်၊ ဖွားမေ ပြောပြမယ်""တကယ်ကြီး ဟီးဟိ"
ပြုံးစစလေး ပြုံးသော မြေး
မျက်နှာလေးက သူဌေးသူကြွယ်
ရုပ်အဆင်းမှန်း သိသာစေသည်။"အချိန်ခရီးသွားဆိုတာက ဟော အခု
မြေး မူလတန်းကျောင်းသားအရွယ်လေးကနေ
ဟိုး အနာဂတ်ကြီးဆီ သွားလိုက်ရတာ""ဘယ်လိုမျိုးလဲ ဖွားမေ သားနားမလည်ဘူး"
"အခုမြေးအရွယ်ကနေ လူပျိုကြီးအရွယ်
ရောက်မယ့် နောင် ၁၀နှစ် ၁၁နှစ်အချိန်ကို
ခုန်ပျံသွား နေတတ်တဲ့သူကို ပြောတာကွဲ့""သားငယ်ငယ်တုန်းက အရွယ်ကိုကော
သွားလို့ရလားဟင် ဖွားမေ""ရတာပေါ့ မြေး လေးဘက်သွားအရွယ်
လောက်ကိုပါ သွားလို့ရတယ်"
YOU ARE READING
U HtanYie & HueHue .BL fic🔞
FantasyTimetraveller fiction par naw. Author Blackclock