part 9 / Z&U

743 13 0
                                    

အပိုင်း ၉

       တရွေ့ရွေ့ လှမ်းနေလေသော ခြေလှမ်း
တွေတွင် ခြောက်ခြားမှုတို့ ခိုအောင်းကြလေပြီ။
နန်းဆောင် မြို့ရိုးကား ယခင်ကထက် ပိုကြီး
နေသယောင်။

    " ဒါ ဘယ်နေရာပါလိမ့် "

  လှမ်းလာနေသော ခြေလှမ်းတွေက ယိုင်လုလု။

"ကျွီ"

  ဖွင့်ဟလာသော နန်းဆောင် တံခါးကို
မြင်မိချိန် အနက်ရောင် အခိုးအငွေ့တို့
များစွာဖြင့် မိစ္ဆာဘုရင်။ ဗဟုဟာ သည်
မြို့တော်ရှိ နောက်ဆုံးသော ယောက်ျား
ပျိုတစ်ယောက်သာ။ အခိုးအငွေ့များကြား
မြင်နေရသော သူကား မျက်နှာဖုံးဖြင့် ဖုံး
အုပ်ထားလေသည်။ ဒူးထောက်ခစားပြီး
သည့်နောက် ရံရွေအချို့ကား ဗဟုကို လက်
မောင်းတစ်ဖက်စီမှ ဆွဲကိုင်မကာ အဆောင်
တစ်ခုထံ ခေါ်ဆောင်သွားလေသည်။

  ကိုယ်အနှံ့ နံ့သာအမွှေးကြိုင်ရနံ့တို့
ဖြင့် သန့်စင်ပေးကြလေသည်။ လည်
ဂုတ်သားတို့ ယားယံရင်း ဖြီးလိမ်းသန့်
စင်သမျှ ခံယူပြီးနောက် နားနေဆောင်မှ
စောင့်နေမိလေသည်။ သို့ရာတွင် ဗဟု
သည် အငြိမ်မနေတတ်။ အခန်းတွင်း
လိုက်လံစပ်စုကြည့်မိချိန် မြင်ရလေသော
ရတနာတစ်ခု။ ကြေးမုံမှန်တစ်ခု။ မြင်ရ
လေသော ရုပ်က ကြောက်မက်ဖွယ်ရာ။
လန့်ထိတ်လွန်းစွာ အော် ဟစ်မိချိန် ပိတ်
စေ့ထားခဲ့သော မျက်ဝန်းတွေ ပွင့်ဟချိန်
မြင်လိုက်ရသည်က တောတောင်တစ်ခုထဲ
တွင်သာ။

ငါ ဘယ်ကို ရောက်နေပါလိမ့်။ အဖေတို့
ကော မဖြစ်ဘူး။ ငါ ရှာရမယ် အဖေတို့
ကို ရှာမှဖြစ်မယ်။

  ရောက်ရာပေါက်ရာ ပြေးထွက် ရှာဖွေ
သော်လည်း ဝင်္ကပမာ တစ်နေရာထဲ
သို့သာ ပြန်ရောက်လာရလေသည်။
တစ်နေ့ရောက်ခါမှ လူတစ်ဦးဖြင့် ဆုံ၍
လမ်းကြောင်းတစ်ခုကို ဖွေရှာနိုင်ခဲ့တော့
သည်။ သို့သော် ထိုလမ်းသည်ကား လူတို့
နေထိုင်ရာ နေရာတစ်ခုပင်။ ပြောရမည်ဆို
လျှင် မှော်မြို့တော်နှင့် ကွာခြားလှသော
သာမန် လူသားတို့ရှိရာ နေရာပင်။

" ဒါပဲလား ဗဟု"
"ဟုတ် ကျွန်တော် ဒီကို ရောက်လာခဲ့တာ
ကြာခဲ့ပြီ ဦး ဘယ်လိုပြန်ရမလဲ မသိဘူး
မှော်မြို့တော်ကို မိစ္ဆာရောက်လာကတည်း
က ဘေးတွေ ကြုံခဲ့ရတာ ဟိုမှာ အဖေတို့
ချစ်ရသူတို့ ကျန်နေခဲ့တယ်"

U HtanYie & HueHue .BL fic🔞Where stories live. Discover now