အပိုင်း ၎
အတိတ်။
ရှုပ်ထွေးနောက်ကျိသော စိတ်နှင့်
ဆိုင်ထိုင်နေခိုက် ပူပြင်းသော အညာ
လေက ငွေ့ငွေ့လောင်မြိုက် ဖြူး တိုက်
လာနေသည်။" ဟူး ...... "
ဝမ်းဆာ၍သာ စားရသော်လည်း စိတ်က
ဘဝင်မကျလှ။ ဖွားမေဖြစ်သူနှင့် နေခဲ့
သော ကျေးလက်ရွာကို အလွမ်းပြေ လာမိ
စဉ် ဖြူဖွေး နုဥနေသော သူဌေးမင်းတော့
အညာလမ်းက ထမင်းဆိုင်တွင် အနေအိုက်
နေရလေပြီ။" ဦးလေးငယ် ဒါလေး သုံးဆောင်ထားပါဗျ "
ခြောက်သွေ့ပူလောင်နေရသော နှလုံး
ခုန်သံတွေကို ရေဖြောက်ချပေးလိုက်သလို
ပင်။ မော့ကြည့်မိသည့်အခါ ဆံပင်ကြက်
တောင်လေးစည်းကာ သနပ်ခါးလေးကွက်
ထားသော ခပ်နွဲ့နွဲ့ ကောင်လေး။"အော် အေး ကောင်းပြီ"
"ဟွန် လွတ်ပါ ဦးလေးငယ်ရ""ရေက မအေးဘူးကွ
မင်းကို မြင်ရတာလေးက အေးမြတာ
နာမည်ဘယ်လိုခေါ်လဲ""လက်ကိုလွှတ်ပါ ဦးလေးငယ်ရယ်"
"လွှတ်စေချင် နာမည်ပြော"
"ထူးသွဲ့ငယ်ပါ ဦးလေးငယ်""ကောင်းပြီ"
မျက်ရည်လေး ဝဲလာသော ကောင်လေး
လက်ကို လွှတ်ပေးမိလေသည်။ အချစ်
ဖြင့် ဖွဲ့တည်သော ရင်ခုန်သံတို့နှင့်။"ဟဲ့ ငထူးရေ နင့်ဦးလေး အရက်ဆိုင်သွား
ကူချေတော့ သွား ဒီမှာက လူအလာနည်းတယ်
ဟိုမှာ မနိုင်ဘူးတဲ့""ဟာ မသွားချင်ပါဘူး ကျုပ်ကို
အရက်သမားတွေက သိပ်စနောက်တာ""ဖြောင်း......"
"အား နာတယ်ဒေါ်လေးရ"
"ဖြန်း"
"နာပါတယ်ဆိုဗျာ အဟင့် ဟင့် ဟင့်
သွားမယ် သွားမယ် ထူး သွားပါ့မယ်
သေလိုက်ချင်တော့တယ်"ထိုင်နေမိရင်း ဦးထန်ရိုင်း ငိုရင်း
ထွက်လာသော ကောင်လေးကို လိုက်၍
ကြည့်နေမိသည်။ နေပူခြစ်တောက်နေ
သော ကျေးလက်မြေလမ်းပေါ် ဖနောင့်
စုတ်နေသော ဖိနပ်လေးဖြင့် ကနွဲ့ကလျ
လျှောက်သွားနေလေခြင်းပင်။
YOU ARE READING
U HtanYie & HueHue .BL fic🔞
FantasyTimetraveller fiction par naw. Author Blackclock