(12)

100 6 4
                                    

အခုတလော ခင်ဗျားကို အရမ်းသတိရတယ်။
တစ်ရက်မှ မေ့မရခဲ့ပေမယ့်လည်းပေါ့။

ခင်ဗျား...အဆင်မှပြေရဲ့လား။
ခင်ဗျား...နေလို့ထိုင်လို့မှ ကောင်းရဲ့လား။
ခင်ဗျား...ပျော်ရွှင်ရဲ့လား။
ခင်ဗျား...

မေးခွန်းတွေ အများကြီးကို ရေးချပြီးကာမှ
ကျွန်တော် ခင်ဗျားဆီကို မပို့ဖြစ်ပြန်ဘူး။
ခင်ဗျားနဲ့ စကားပြောမိရင် မူးယစ်ဆေးလို
ကျွန်တော် ခင်ဗျားကိုပိုပြီး စွဲလမ်းမိမှာကို
သိနေတယ်လေ။

ပြီးတော့...

ခင်ဗျား အဆင်ပြေနေပါတယ်။
ခင်ဗျား နေလို့လည်းကောင်းပါတယ်။
ခင်ဗျား ပျော်ရွှင်နေပါတယ်။
ခင်ဗျားရဲ့ဘေးမှာ ခင်ဗျားချစ်ရတဲ့သူရှိနေတာပဲလေ။

သိသိရက်နဲ့ ကျွန်တော် အလကားစိတ်ပူမိပြန်ပြီနော်။




........

အခုတေလာ ခင္ဗ်ားကို အရမ္းသတိရတယ္။
တစ္ရက္မွ ေမ့မရခဲ့ေပမယ့္လည္းေပါ့။

ခင္ဗ်ား...အဆင္မွေျပရဲ့လား။
ခင္ဗ်ား...ေနလို႔ထိုင္လို႔မွ ေကာင္းရဲ့လား။
ခင္ဗ်ား...ေပ်ာ္ရႊင္ရဲ့လား။
ခင္ဗ်ား...

ေမးခြန္းေတြ အမ်ားႀကီးကို ေရးခ်ၿပီးကာမွ
ကြၽန္ေတာ္ ခင္ဗ်ားဆီကို မပို႔ျဖစ္ျပန္ဘူး။
ခင္ဗ်ားနဲ႔ စကားေျပာမိရင္ မူးယစ္ေဆးလို
ကြၽန္ေတာ္ ခင္ဗ်ားကိုပိုၿပီး စြဲလမ္းမိမွာကို
သိေနတယ္ေလ။

ၿပီးေတာ့...

ခင္ဗ်ား အဆင္ေျပေနပါတယ္။
ခင္ဗ်ား ေနလို႔လည္းေကာင္းပါတယ္။
ခင္ဗ်ား ေပ်ာ္ရႊင္ေနပါတယ္။
ခင္ဗ်ားရဲ့ေဘးမွာ ခင္ဗ်ားခ်စ္ရတဲ့သူရိွေနတာပဲေလ။

သိသိရက္နဲ႔ ကြၽန္ေတာ္ အလကားစိတ္ပူမိျပန္ၿပီေနာ္။

ခင်ဗျား {ခင္ဗ်ား}Where stories live. Discover now