ခင်ဗျားကို အများကြီးလွမ်းနေတယ်။
ခင်ဗျားနဲ့ ကျွန်တော် မတွေ့ရတာကြာပြီ။
တစ်ခါမှ မနီးစပ်ခဲ့ဖူးပေမယ့်လည်း
ဒီတစ်ခါတော့ တကယ်ဝေးသွားခဲ့ပြီ။ခင်ဗျားနဲ့ ကျွန်တော် ဒီတစ်သက်တော့
ပြန်မဆုံတွေ့ဖြစ်လောက်ဘူးထင်တယ်။
တဖြည်းဖြည်းနဲ့ ခင်ဗျား ကျွန်တော့်ကို
မေ့သွားတော့မယ်ထင်တယ်။မတရားစွာနဲ့ ခံပြင်းစွာနဲ့ နာကျင်စွာနဲ့
ကျွန်တော်ကတော့ ခင်ဗျားကိုမေ့မရပဲ
ဒီအတိုင်းလေး ရှင်သန်သွားပါ့မယ်။ခင်ဗျားကတော့ ခင်ဗျားချစ်ရတဲ့သူနဲ့
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ပါစေ။တစ်နေ့နေ့မှာ ကျွန်တော့်နာမည်နဲ့ တူတဲ့သူများ
တွေ့ခဲ့ရင် ကျွန်တော့်ကို တစ်ချက်သတိရပေးပေါ့။..........
YOU ARE READING
ခင်ဗျား {ခင္ဗ်ား}
Poetryခင်ဗျားသိစေရန် ရည်ရွယ်ပြီး ခင်ဗျားမသိအောင် ရေးမိသော စာစုများ💔 ခင်ဗျားသိစေရန် ရည်ရွယ်ပြီး ခင်ဗျားမသိအောင် ရေးမိသော စာစုများ💔