(10)

100 10 0
                                    

ခင်ဗျားက ဘာနဲ့တူသလဲဆိုရင်လေ
Coffeeနဲ့ တူတယ်

ကျွန်တော်အကြိုက်ဆုံး Latte Coffeeတစ်ခွက်လို...

ကျွန်တော်နဲ့ မတည့်တဲ့ Coffee...
ကျွန်တော်မြတ်နိုးရတဲ့ Coffee...
ကျွန်တော့်အတွက် မဟုတ်တဲ့ Coffee...
ကျွန်တော့်ကျန်းမာရေးနဲ့ မသင့်တော်တဲ့ Coffee...
မကောင်းမှန်းသိရက်နဲ့ မနေနိုင်လို့သောက်မိတဲ့ Coffee...

ခင်ဗျားက ကျွန်တော့်အတွက်မဟုတ်ပေမယ့်
ကျွန်တော်ကတော့ ခင်ဗျားကို စွဲလမ်းမိတယ်။
Coffee မသောက်ရရင် ဝမ်းနည်းသလို
ခင်ဗျားကို မတွေ့ရရင် ဝမ်းနည်းတယ်။

တစ်ခြားသူတစ်ယောက်
Coffeeသောက်နေတာမြင်ရင်
မနာလိုတယ် အားကျမိတယ်။
တစ်ခြားသူတစ်ယောက်နဲ့ ခင်ဗျားကို
တွဲတွေ့ရရင်လဲ မနာလိုရ၊ အားကျရပြန်တယ်။

အင်း
ခင်ဗျားက ကျွန်တော့်အတွက် Coffeeတစ်ခွက်
အဆိပ်နဲ့တူတဲ့ Coffeeတစ်ခွက်

အရသာရှိပြီး စွဲမက်ဖို့ကောင်းတဲ့အဆိပ်သင့် Latte...


..........


Coffeeနဲ့ တူတယ်




တစ်ခြားသူတစ်ယောက်
မနာလိုတယ် အားကျမိတယ်။

အင်း


ခင်ဗျား {ခင္ဗ်ား}Where stories live. Discover now