မိုးရေထဲတွင် ရပ်၍ စကားပြောမနေကောင်းဟု လေးယောက် သဘောတူညီမှုဖြင့် ဓနမှဦးဆောင်ကာ သူနေသော တိုက်ခန်းအတွင်းသို့ ကျန်သုံးယောက်သော လူတို့ကို ဖိတ်ခေါ်ခဲ့သည်။ အမျိုးသား သုံးယောက်အဖို့ လဲစရာ အဝတ်များအတွက် ဓန၏ အင်္ကျီများကို ယူ၍ ဝတ်ဆင်နိုင်သည်။ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူအတွက်လည်း ရွေးချယ်ခွင့်ဟူ၍ မရှိရကား ။ ဓန၏ အင်္ကျီများထဲမှ အသေးဆုံးဟုထင်ရသော အင်္ကျီနှင့် ဖျင်ဘောင်းဘီကို ပေး၍ ဝတ်စေသည်။ ခန္ဓာကိုယ်ချင်း မကွာခြားဟု ထင်ရသော်လည်း အရပ်မြင့်သော ဆွေးသည်ပင် ဓန၏ အင်္ကျီများကြား၌ ကလေးငယ်လေးအား လူကြီးများဝတ်လေ့ရှိသော အင်္ကျီကို ဝတ်ပေးထားသဖွယ် ပုံ့ပုံ့ကလေး ဖြစ်၍ နေပေ၏။
တစ်ခုတည်းရှိသော ဆိုဖာသည် လူလေးယောက်ကို ကောင်းမွန်စွာ သယ်ပိုးထားနိုင်သော်လည်း ကော်ဇောခင်းထားသော ကြမ်းပြင်ထက်၌သာ လေးယောက်ဝိုင်းဖွဲ့၍ ထိုင်လျက်ရှိကြသည်။ တစ်ဦးသည် ဆရာဝန် ၊ တစ်ဦးသည် လုပ်ငန်းရှင် ၊ တစ်ဦးသည် ကော်ဖီဆိုင်ပိုင်ရှင် ၊နောက်တစ်ဦးသည် အိမ်ပြေးကလေးပင် ဖြစ်ပါ၏။ မိမိတို့၏ ရာထူးဂုဏ်ထူးများအား မျက်ကွယ်ပြုထားကြသော လူသုံးယောက်တို့သည် တစ်ဦးတည်းသော အိမ်ပြေးကလေး၏ ကိစ္စဖြင့် ဤကဲ့သို့ အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။ ဆွေး၏ ဆံပင်တို့မှာမူ ခြောက်သွေ့ရန် ခက်ခဲဦးမည်ဖြစ်သည်။ အချိန်ကြာလိမ့်မည်လည်း ဖြစ်သောကြောင့် တစ်ခုတည်းသော တဘတ်ကို ဆွေးအား ပေးထားသည်။ ဆွေးသည် ဆံပင်တို့ကို ရေခြောက်အောင် သုတ်လျက်နှင့်က စကားစ၍ ဆိုသည်။
"ကိုဓနကို ဒုတိယအကြိမ် ကျေးဇူးတင်ပါတယ် "
"ဟုတ် ကျေးဇူးတင်တာကို လက်ခံပါတယ် ၊ ဒါပေမယ့် ဒီကလေးရဲ့ ကိစ္စကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ မဆွေး "
အားလုံး၏ အကြည့်သည် နှိုင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
"ကျွန်တော် ကိုဓနဆီမှာ အလုပ်ဆက်လုပ်ဖို့ တွေးထားတယ် "
"နေစရာကရော ..."
နှိုင်း၏ အဖြေကို ဆွေးက စကားထောက်သည်။ ခေါင်းကို ငုံ့လျက်ရှိသော နှိုင်းက ဘာစကားကိုမျှ မပြောဘဲ ငြိမ်သက်လျက်ရှိသည်။
ထိုစဥ် ရိမ်က ကြားဖြတ်ကာ ပြောသည်။
BẠN ĐANG ĐỌC
ပျိုးပင် Complete
Lãng mạnကိုယ်က မင်းကို ပိုင်ပြီ ထင်ခဲ့တာ။ မင်းဟာ ကိုယ့်အတွက်ပဲလို့ တစ်ထစ်ချယုံကြည်စောလွန်းခဲ့တယ်။ မင်းကို ဒီနေရာကလေးမှာပဲ ရပ်ပြီး စောင့်နေဆဲပါပဲ။ချစ်ခွင့်ရှိသမျှ နေ့ရက်တိုင်းအတွက် နှလုံးခုန်နေတဲ့ စည်ချက်အတိုင်း မင်းကိုဆက်ချစ်နေမယ်။(ရိမ်) ငါ နင့်ကို ချစ်တယ်...