အပိုင်း(၂၅)

240 20 0
                                    

နာရီသံတို့သည် ကျယ်လောင်စွာ တိုးထွက်နေကြပြီ ။ ထိန်ထိန်သာလှသော လမင်းကြီဆီမှ ရွှေရည်ဆမ်းသော လရောင်တို့သည် ကမ္ဘာမြေပြင်ပါ် သက်ဆင်းကခုန်ကြပြီ။
နောက် (၂) ရက်နေ့လျှင် ဆွေးသည် တကယ်ပင် မောင့်ပိုင်ဆိုင်မှု ဖြစ်ပေရာ့မည် ။ မောင်သည်လည်း ကြည်နူးမဆုံး ၊ ပြုံးလျက်ရှိသော မျက်နှာသည်ကား တစ်လာကလုံးတွင် ကံအကောင်းဆုံးလူသားကဲ့သို့ မိမိကိုယ်ကို ခံယူထားသကဲ့သို့။

မောင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်း၍လည်း မပေးရက်။
တစ်ဖက်တွင် ရိမ်၏ နာကျင်ခြင်းသည် ဒွန်တွဲလျက် လိုက်ပါလာသည် ။ တစ်နေ့က သတင်းကြားရသေးသည်။ ရိမ်သည် ဆေးရုံသို့ ရောက်မလာခဲ့ဘဲ အိမ်တွင်သာ အချိန်ကုန်လျက် ရှိသည် ဟူ၍။

မင်္ဂလာ ကိစ္စများအား စီစဥ်နေ၍ မအားလပ်ဖြစ်နေသည့်ကြားမှ နှိုင်းအား ရိမ့်ထံသို့ လွှတ်သေးသည် ။ အရက်ပုလင်း ဖက်လျက် ရှုပ်ပွလျက်ရှိသော အိမ်သည် နှိုင်းအား ကြိုဆိုလိုက်သည်ဟု ကြားရသောအခါ မချိတင်ကဲ ဆို့နင့်မှုသည် ဆွး၏ ရင်သို့ တိုးခက် ဝင်ရာက်လာ၏။

အချိန်တွေ လွန်ခဲ့ပြီ မဟုတ်လား ရိမ်ရယ် ။ လွန်ခဲ့တာထက်ကို ပိုခဲ့ပါပြီကွယ် ။

ညအမှာင်၏ လအလင်းရာင်ဘက်သို့ မျက်နှာမူထားသော ဆွေး၏ မျက်ဝန်းများသည် မှိုင်းညို့လျက် ရှိကြသည်။ ငွေလမင်း၏ ဖျော်ဖြေတင်ဆက်မှုသည် ဆွေး၏ နှလုံးသားကို ငြိမ်းချမ်းစေနိုင်ဟန်မတူ ။ လူနှစ်ဦးအပေါ် သက်ဝင်သော ခံစားမှုများဖြင့် မငြိမ်းချမ်းနိုင်သောဟဆွေးသည် လရောင်အောက်တွင် ငြိမ်ဝပ်စွာ ထိုင်လျက် ရှိသည် ။ လေပြေနု တစ်ချက်သွေးတိုင်း ဆံနွယ်ကလေးများက နတ်မိမယ်များသဖွယ် ယိမ်းထိုးကခုန်ကြသော ထိုကကွက်အျားကပင်လျှင် ဆွေး၏ ဆို့နင့်ခြင်းများအား ပုံဖော်ပေးလျက် ရှိသည် ။

ဆွေး၏ မျက်ဝန်းများသည် အိမ်တံခါးဘက်ဆီသို့ ဝေ့ဝဲကြည့်မိသည်။ လရောင်ဖြင့် လင်းသည်ဟုဆိုနိုင်သော တံခါးဝ၏ ခပ်လှမ်းလှမ်း၌ အရိပ်တစ်စုံတစ်ခုသည် ဆွေး၏ အခန်းရှိရာဘက်သို့ မျက်နှာ မူလျက်ရှိ၏။

ရိမ် လား ။
သူမ အသံအနည်းငယ်မြှင့်၍ မေးလိုက်ရန် စဥ်းစားမိသော်လည်း ငြိမ်သက်နေမိပြန်၏။ ရိမ် ဖြစ်နေခဲ့လျှင်ရော ယခုအချိန်သည် ထွက်၍ တွေ့ရန် သင့်တော်ပါမည်လော ။ ပြေးဖက် နှုတ်ဆက်ရန် မသင့်တော်ခဲ့ပြီ မဟုတ်ပါလား ။

ပျိုးပင် Complete Donde viven las historias. Descúbrelo ahora