အပိုင်း (၈)

309 26 9
                                    

"ငါ့ကို ချစ်လား ရိမ် ၊ နင်လည်းပဲ ငါ့ကို ချစ်နေတယ် မဟုတ်လား "

ညှို့မှိုင်းနေသော ရိမ်၏ မျက်ဝန်းတို့သည် အမှားလုပ်ထားသူကဲ့သို့ ငြိမ်သက်စွာ ဆွေးအား ကြည့်ရှုလျက်ရှိသည်။ဆွေး၏ ပန်းနုရောင်နှုတ်ခမ်းသည် တုန်ရင်လျက်ရှိရာ နှလုံးသားသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကြည်နူးဝမ်းသာခြင်းလား ၊ အံ့သြ ထိတ်လန့်နေခြင်းလား ။

"မေ့လိုက်နော် ဆွေး ၊ ဒီနေ့ ဒီအဖြစ်အပျက်ကို မေ့ပစ်လိုက်နော် ဆွေး ၊ နော် ... "

ဆွေး၏ မျက်ရည်များ ပြည့်လုပြည့်ခင် ဖြစ်နေသော မျက်ဝန်းတို့ထဲမှ မျက်ရည်တို့ အိုင်ကျလာခဲ့၏။ ပြောရက်လိုက်လေခြင်း ရိမ် ။ ချစ်နေခဲ့တယ် မဟုတ်ဘူးလား ။ ရိမ်သည်လည်း ဆွေး၏ နည်းတူ ခံစားချက် ရှိနေခဲ့သည် မဟုတ်လား။ ဘာကြောင့် မေ့ပစ်ခိုင်းရပါသလဲ ၊ ဘာကြောင့် အတင်း ငြင်းဆိုခဲ့ရပါသလဲ ။ ဆွေးသည် ခေါင်းအား တွင်တွင်ခါလိုက်သည်။ ရိမ်၏ နှုတ်ခမ်းတို့မူကား တုန်ယင်လျက် ရှိကြဆဲပင် ။ မျက်ရည်များ ဝေ့ဝဲနေခဲ့လေသလား ။

"နင် တကယ်ပဲ ဒီလို ပြောမှ ဖြစ်မှာလား ရိမ် "

"ငါ ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို ချစ်လို့ရတယ် ဒါပေမယ့် နင်တော့ မဟုတ်ရဘူးဆွေး ... ငါ နင့်ကို မချစ်ဘူး ၊ လက်မထပ်ဘူး .. ဒီနေ့အဖြစ်အပျက်အတွက် ငါတောင်းပန်ပါတယ် ၊ ငါစိတ်လွတ်သွားတယ် "

ဆွေး၏ မျက်ဝန်းတွင် နာကျင်ခြင်းတို့ ရစ်ဝိုင်းလာကြ၏။ မယုံနိုင်ခြင်းတို့က တစ်စတစ်စ ပီပြင်လာကြ၏။

"စိတ်လွတ်သွားတယ် ဟုတ်လားရိမ် ၊ နင် ပြန်ပြောစမ်းပါဦး "

"ငါလည်း ယောကျ်ားသားတစ်ယောက်ပဲ ၊ မိန်းကလေးတစ်ယောက်နဲ့ ဒီလောက် နီးကပ်နေမှတော့ နမ်းမိသွားတာ ဒါက ငါကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့အမှန်တရားပဲ ၊ ဘယ်ယောကျ်ားက ဒီလောက်ထိ ထိန်းချုပ်နိုင်မှာလဲ .. "

"ငါဖြစ်နေလို့ နင် မထိန်းချုပ်နိုင်ဘဲ နမ်းမိတာမဟုတ်လား ရိမ် ၊ ကျေးဇူးပြုပြီး ဟုတ်တယ်လို့ ပြောစမ်းပါ ၊ ဟင့်အင်း နင် တကယ်ပဲ ဟုတ်တယ်လို့ ပြောသင့်တာ "

ပျိုးပင် Complete Donde viven las historias. Descúbrelo ahora