( 2 )

39 8 3
                                    

Unicode version

ပုံမှန်မနက်ခင်းတစ်ခုမှာ ရိုးရှင်းတဲ့နိုးထခြင်းနဲ့ နိုးထရတယ် ။ အရာအားလုံးဆုံးရှုံးသွားတာမျိုးတော့မဟုတ်သေးပါဘူး ။ အရွယ်ရောက်ပြီးသားယောက်ျားလေးတစ်ယောက်မို့ အချိန်တန်ရင်အရာအားလုံးအဆင်ပြေသွားမှာ ။

ဆိုင်ထဲက ခုံတွေပေါ်က ကျူးလစ်အဝါတွေကိုကြည့်ပြီး Tommy ကတစ်ချက်ပြုံးတယ် ။ ကျူးလစ်တွေကို သူတအားချစ်တာ အထူးသဖြင့်အဝါရောင်လေးတွေ ။

ချွင်ကနဲမြည်သွားတဲ့ဆိုင်ဝကအသံကြောင့် Tommyက အမြန်လှည့်ကြည့်တယ် ။

" ဘာများအလိုရှိ ... "

" အစ်ကို "

ကျောင်းလွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ပြီး မျက်လုံးတွေပျောက်တဲ့ထိပြုံးပြနေတဲ့ ‌သူ့အရှေ့ကကောင်လေးကြောင့် Tommy သက်ပြင်းချလိုက်မိတယ် ။

" မင်းကို .. မနက်စာလာစားတာလား "

" အင်း ဟုတ်တယ် ခဏနေ ကျောင်းသွားမှာလေ "

" ဒါဆိုလဲ ထိုင်လေ ၊ ဘာစားမလဲ "

စိတ်အခြေအနေလည်းပြန်ကောင်းလာပြီး ကိုယ့်ကိုလည်းကူညီပေးထားတဲ့ကောင်လေးမို့ Tommy က လေသံအေးအေးနဲ့ပဲပြောဖြစ်တယ် ။

" မနေ့ကလိုပဲ စတော်ဘယ်ရီချောကလက် "

" အင်း ခဏစောင့်နော် "

Tommy က အနည်းငယ်ပြုံးကာပင်ပြောလို့ထွက်သွားတယ် ။ ပြုံးရောင်သန်းသွားတဲ့နှုတ်ခမ်းလေးတွေကို ကောင်လေးက အမိမရ လှမ်းဖမ်းပြီးကြည့်တယ် ။ ပြီးတော့ သဘောတကျပြုံးလို့ ရိုးရှင်းလွန်းတဲ့လူသားလေးကို သေချာထိုင်ကြည့်တယ် ။

ကိတ်မုန့်ဗန်းလေးနဲ့ပြန်ရောက်လာတော့မှ ကောင်လေးက အကြည့်လွှဲတယ် ။

" ရပြီ "

" အင်း "

အလုပ်ပြီးတာနဲ့ လှည့်ထွက်ဖို့ပြင်နေတဲ့ Tommy ကိုကောင်လေးက လှမ်းတားတယ် ။

" ခဏ "

" ဘာဖြစ်လို့လဲ "

" ကျွန်တော်နဲ့ခဏထိုင်ပါလား "

ကောင်လေးရဲ့စကားကြောင့် Tommy က လည်ပင်းကိုပွတ်သတ်လိုက်မိတယ် ။ customer လည်း မရှိသေးတာကြောင့် လိုက်လျောဖို့ပဲဆုံးဖြတ်လိုက်တော့တယ် ။

DIMPLE | MII2Where stories live. Discover now