( 4 )

23 8 0
                                    

Unicode version

နိုးစက်ပေးစရာမလိုတဲ့ အိပ်ယာထချိန်တွေဟာ အသက်ဝင်လို့လာတယ် ။ ဒီနေ့ ကျောင်းပိတ်ရက်မို့ Jimmy ‌ကပိုလို့တတ်ကြွနေတယ် ။ ပြီးတော့ အစ်ကိုသူ့ကိုပထမဆုံးစာသင်ပေးမယ့်ရက်မို့ စိတ်လည်းလှုပ်ရှားနေတယ်။

အောက်ထပ်ကိုဆင်းလာတော့ အမေဖြစ်သူကအပြုံးနဲ့ကြိုဆိုတယ် ။ မနက်စာကို ဝင်စားခိုင်းပြီး သူအပြင်ထွက်တာကို သူ့အားဘယ်သို့သွားမည်ဆိုတာဘာညာလည်းမေးမြန်းခြင်းမရှိပါ။ ပြောရရင် Jimmy ကအလိုလိုက်ခံထားရတဲ့ကလေးတစ်ယောက်ပင်ဖြစ်တယ် ။

အရင်ကထက်မြန်ဆန်နေတဲ့ခြေလှမ်းတွေနဲ့ Jimmy မျက်နှာထက်အပြုံးတွေလည်းတောက်ပနေတယ် ။ ခေါင်းမာလွန်းတဲ့ကောင်လေးက ချမ်းသာတဲ့မိသားစုကပေမယ့် ဘယ်သွားသွားလမ်းလျှောက်ရတာကိုပဲနှစ်သက်သည်တဲ့လေ ။

ကားလမ်းကူးပြီးချင်းချင်းပဲ လမ်းထောင့်လေးက ပန်းတွေကိုပြေးမြင်လိုက်တယ် ။ ရောင်စုံပန်းတွေမြင်တဲ့အခါ Jimmy က တစ်စုံတစ်ယောက်ကို ပြေးမြင်မိတယ် ။
ပန်းသည်အနားကိုသွားပြီး ပန်းတွေကို လိုက်ကြည့်နေလိုက်တယ် ။

" ကောင်လေး ဘာပန်းယူမလို့လဲ "

ပန်းရောင်းနေသည်က အဒေါ်ကြီးတစ်ယောက်ပင်ဖြစ်တယ် ။

Jimmy မျက်လုံးထဲပြေးမြင်လိုက်တာက ကျူးလစ်အဝါတွေကို ကြည့်ပြီးပြုံးရယ်နေတဲ့ အစ်ကို့ကိုပဲ ။ Jimmyက ကျူးလစ်အဝါတွေကိုလက်ညိုးထိုးလိုက်တယ် ။

" အဲ့ပန်းလေးလိုချင်တယ် အဒေါ် "

" အဝါရောင်လား "

" ဟုတ်ပါတယ် "

" ချစ်သူကိုပေးမလို့လား "

" ဗျာ "

အဒေါ်ကြီးရဲ့စကားကြောင့် Jimmyကနေရခက်သွားတယ် ။

" ချစ်သူတော့မဟုတ်သေးပါဘူး "

ထိုအခါ အဒေါ်ကြီးကသဘောပေါက်သွားဟန်နဲ့ ကောင်လေးအားပြုံး၍ကြည့်သည် ။ ထို့နောက် ကျူးလစ်အနီရောင်ငါးပွင့်လောက်ကိုယူပြီး ကောင်လေးအားကမ်းပေးလိုက်တယ် ။

Jimmyကတော့ သူတောင်းတာအဝါရောင်ဖြစ်တာကြောင့် မယူသေးဘဲ နားမလည်သလိုကြည့်နေတယ် ။

DIMPLE | MII2Where stories live. Discover now