( 5 )

17 6 3
                                    

Unicode

Jimmy အစ်ကိုအိပ်နေတာကိုပဲကြည့်နေတာအတော်လေးကြာနေပြီ ။ နာရီကိုသတိရပြီးတစ်ချက်ကြည့်လိုက်တော့ အတော်လေးညနေစောင်းနေပြီ ။ အစ်ကိုထပ်အိပ်နေရင်ဖျားမှာစိုးတာကြောင့် Jimmyက အစ်ကို့လက်မောင်းသေးသေးလေးကိုထိပြီး လှုပ်နှိုးလိုက်သည်။ 

ချက်ချင်းခေါင်းထောင်ပြီးထလာတဲ့အစ်ကိုက အတော်လေး သတိရှိတဲ့ပုံ ။

" ဟင် Jimmy ! တောင်းပန်ပါတယ် အစ်ကိုအိပ်ပျော်သွားတယ်ထင်တယ် ဘယ်လိုလုပ်ရမလဲ အားနာလိုက်တာ "

" အာ ရပါတယ် အစ်ကိုရဲ့ အဲ့လောက်ကြီးပြာယာမခတ်ပါနဲ့ ကျွန်တော်တို့ကပြောရမယ့်လူတွေမှမဟုတ်တာ "

" ဒါပေမယ့်လည်း အားနာစရာကောင်းတယ်လေ ဒီလိုကြီး အကြာကြီးအိပ်ပျော်သွားတာဆိုတော့ "

" ဒါဆို အားနာတယ်ဆိုရင်တစ်ခုခုပြန်လုပ်ပေးမလား "

" အမ်.. အင်း.. "

မျက်မှန်လေးကိုပင့်ပြီး မရဲတရဲနဲ့ ပြန်ဖြေတဲ့အစ်ကိုကြောင့် Jimmyက သဘောတကျပြုံးရင်း အစ်ကို့မျက်နှာနားကိုတိုးသွားလိုက်သည် ။

" ဒါဆို .. ကျွန်တော့်ကို ဒီည အစ်ကိုနဲ့အတူအိပ်ခွင့်ပေး "

" ဟမ် !! "

မျက်မှန်ဝိုင်းအောက်ကမျက်ဝန်းဝိုင်းတွေကပိုလို့ပြူးကျယ်လာလို့ အစ်ကို့မျက်နှာလေးကဖြစ်ညှစ်ပစ်ချင်စရာကောင်းလောက်အောင်အံ့ဩတကြီးဖြစ်လို့သွားတယ် ။

" ကျွန်တော်ပြောတာက ကျွန်တော်ဒီညအိမ်မပြန်ချင်လို့ အစ်ကို့ဆီမှာအိပ်ခွင့်ပေးပါလို့လေ "

ထိုအခါမှ အစ်ကို့မျက်နှာလေးက အနည်းငယ်ပြေလျော့သွားတယ် ။ နောက်ပြီး မျက်မှန်ကိုထပ်ပြီးပင့်တင်ရင်းချောင်းဟန့်ကာပင်ဆိုလေတယ် ။

" အဲ့တာက .. အစ်ကိုကဆိုင်မှာပဲအိပ်တာမို့လို့ မင်းကိုသေချာအိပ်ဖို့နေရာပေးနိုင်မှာမဟုတ်ဘူး "

" အစ်ကိုကအိမ်မပြန်ဘူးလား "

Jimmy Karnရဲ့အမေးကြောင့် အစ်ကို့က သူ့ဘက်လှည့်လာပြီး မဖြေပါဘဲငြိမ်သက်ပြီးကြည့်နေသည် ။ ခဏနေ အစ်ကို့မျက်ဝန်းထဲကမျက်ရည်စတွေကိုတွေ့သွားတဲ့အခါ Jimmy က သူ့ကိုယ်သူပဲပြန်ရိုက်လိုက်ချင်တော့သည် ။

You've reached the end of published parts.

⏰ Last updated: Jun 30, 2022 ⏰

Add this story to your Library to get notified about new parts!

DIMPLE | MII2Where stories live. Discover now