( 3 )

37 6 3
                                    

Unicode version

သူ့လက်ဖဝါးထက် သေးကွေးနေတဲ့ လက်ကလေးတွေကို ကိုင်တွယ်ရင်း Jimmy က သဘောအကျကြီးကျလို့နေတယ် ။ အားရပါးရဆုပ်ကိုင်ထားချင်တဲ့စိတ်တွေကိုချိုးနှိမ်လို့ ခပ်ဖွဖွကိုင်တွယ်ရင်း လက်သေးသေးလေးတွေကို လွှတ်ပေးလိုက်တယ် ။

" ပြီးသွားပြီ နောက်ဆို တစ်ခုခုထိခိုက်ရင် အဲ့လိုလက်လွတ်စပယ်မနေပါနဲ့ဗျာ "

မော့ကြည့်လာတဲ့မျက်ဝန်းဝိုင်းတွေကြောင့် Jimmy ထပ်ပြောရမယ့်စကားတွေကိုမေ့တယ် ။ ကြည့် ! ထပ်ပြီးပြုစားပြန်ပြီ ။

" အင်းပါ အခုကလည်းသတိမထားမိလိုက်လို့ပါ "

" ....... "

စက္ကန့်အတော်ကြာတဲ့ထိ Jimmy ဘာစကားမှပြန်မပြောဖြစ်ခဲ့ဘူး ။ အဲ့တာနဲ့ပဲ အစ်ကို့ဘက်က ထပ်ပြောလာပြန်တယ် ။

" မင်းကျောင်းနောက်ကျဦးမယ် မုန့်စားပြီးမြန်မြန်သွားတော့လေ ၊ ခဏလေး ငါသွားယူပေးမယ် "

ပြောပြီး မြန်မြန်သွက်သွက်ထသွားတော့မယ့် အစ်ကို့လက်ကလေးကို Jimmy ကပြန်ဆွဲထားလိုက်တယ် ။ ထိုအခါတော့လည်း လှလွန်းတဲ့မျက်ဝန်းတွေနဲ့ ဒီလူကို ထပ်ပြုစားပြန်တယ် ။

" မယူနဲ့တော့ ကျွန်တော်ဒီနေ့မစားတော့ဘူး "

" ဘာလို့လဲ "

" နောက်ကျနေပြီ ကျွန်တော်သွားတော့မယ် "

Jimmy မြန်မြန်သွက်သွက်ထပြီး ထွက်သွားဖို့ပြင်တော့သည် ။ အစ်ကိုကတော့နားမလည်တဲ့မျက်လုံးလေးတွေနဲ့ သူ့ကိုကြည့်နေတုန်းပဲ ။ အာ .. သူမေ့နေတာရှိတာပဲ ။

" ညက ကျွန်တော့်ကိုစိတ်ဆိုးသွားသေးလား "

ရုတ်တရက်မေးလာတဲ့မေးခွန်းကြောင့် Tommy ကြောင်တောင်တောင်ဖြစ်သွားရသည် ။ ပြန်စဉ်းစားကြည့်မှ ညက ဒီကောင်လေးနဲ့သူ စာပို့ကြသေးတာပဲ ။ ဒါပေမယ့် သူအိပ်ပျော်သွားတာ ဒီမနက်ထိဖုန်းကိုမကြည့်ရသေးဘူး ။ ဘာကိုစိတ်ဆိုးရမှာလဲ ။

" ဟင် ! စိတ်မဆိုးပါဘူး ဘာလို့လဲ "

ထိုစကားကိုကြားတော့မှ Jimmy ကမသိမသာ သက်ပြင်းခိုးချလိုက်သည် ။ ပြီးတော့ လျော့လျဲကျနေတဲ့ အစ်ကို့အင်္ကျီလေးကိုပြန်စုပေးရင်း ပြုံးကာပင် ဆိုလိုက်တယ် ။

DIMPLE | MII2Where stories live. Discover now