မနက်ခင်းအစောပိုင်းထတတ်သူမို့ အခုလဲ ၅ နာရီ ခွဲဆိုတာနဲ့ နိုးလာခဲ့သည် ဟိုလူကတော့ ခုထိသတိမရသေးမနေ့ကထဲကလူကအိမ်ပြန်မရောက်သေးတော့ အဝတ်စားလဲ လဲချင်ပြီဖြစ်တာကြောင့် နက်စ်မတစ်ယောက်အား အိမ်ခဏပြန်မည်ဖြစ်ကြောင်း အသိပေးကာ ထွက်လာလိုက်သည် အိမ်ရောက်တော့ jimin တို့ကလဲ အခြေနေမေးတာကြောင့်သတိမရသေးကြောင်းပြောကာ ရေမိုးချိုးအဝတ်စားလဲပီး jimin ပြင်ပေးတဲ့ မနက်စာစားပြီး ဒီနေ့အလုပ်မဆင်းနိုင်ကြောင်း အလုပ်ရှင်အားပြောရန် ထွက်လာခဲ့လိုက်သည် လုပ်စရာကိစ္စတွေကိုအဆုံးသတ်ပြီးတာနဲ့ ဆယ်နာရီပင်ထိုးနေပြီမို့ ဆေးရုံကိုပြန်လာခဲ့လိုက်သည် ဆေးရုံရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက. အမောဆို့စရာ ဟိုလူကသတိရနေပြီး စောင်ကိုခေါင်းမှုးခြုံထားလေရဲ့ နက်စ်မက မနက်စာကြွေးရန်ပြင်ထားတဲ့ပန်းကန်ကိုကိုင်ကာ ကုတင်ခြေရင်းမှာ ရပ်နေပြီ့း တစ်ခန်းလုံးဟာလဲ ပွစာကြဲ ခေါင်းအုံးတွေဟာလဲ ကြမ်းပြင်ပေါ်မှာ
tae: ဘာဖြစ်နေကြတာလဲ
ns: လူနာရှင် တော်ပါသေးရဲ့ ရှင်ပြန်လာလို့ ဒီမှာလေ ရှင့်လူနာက မနက်စာကြွေးတာကို မစားချင်ဘူးပြောနေလို့ ပြီးတော့ကျွန်မကိုလဲ အနားကရှီတာတွေနဲ့ကောက်ပေါက်နေတယ်
နက်စ် စကားကိုကြားတော့ ကျွန်တော် ဒေါသလဲထွက်မိသလို ကြောင်လဲကြောင်သွားရသည် ဘယ့်နဲ့ ကို့ကို လာပြုစုပေးတဲ့လူကိုဒီလိုလုပ်စရာလား ပြီးတော့ ကလေးတစ်ယောက်လို တွေ့ကရာနဲံကောက်ပေါက်တယ်တဲ့ မတော် ထိသွားမှဖြင့် ပြသနာကတတ်အုံးမယ်
tae: ဆရာမ ကျွန်တော့်ကိုပေးခဲ့ပါ ကျွန်တော်ကြွေးလိုက်ပါ့မယ် အခုလိုကြည့်ပေးထားလို့ ကျေးဇူးပါ ဆရာမ
ns: ကုန်အောင်တော့ကြွေးထားနော် ခဏနေဆရာဝန်ကြီး round လှည့်တဲ့ခါ ဆေးထိုးလိမ့်မယ် အဲ့ဆေးက အစာမရှိရင် ခေါင်းမှုးမှာဆိုးလို့
tae: ဟုတ်ကဲ့ပါ
ဆရာမစီကမနက်စာဗန်းကိုယူကာ ကုတင်နားသွားထိုင်လိုက်ပြီးစောင်ကိုဆွဲချတော့ အထဲကနေပြန်ဆွဲထားတာကြောင့် ဆွဲမရ
YOU ARE READING
ထယ်ချစ်ရပါသောမောင် (Completed)
Fanfictionမထင်မှတ်ဘဲတွေ့ဆုံခဲ့ရတဲ့ လူတစ်ယောက်က ကျွန်တော့်ဘဝရဲ့အရေးပါဆုံးလူသားဖြစ်လာခဲ့တယ် ချယ်ရီတွေကြားက ကောက်ရခဲ့တဲ့ မောင့်ကိုထယ်က ချယ်ရီလေးတွေထက်ပိုချစ်တယ်