ထယ်တနေကုန်အိမ်မှာနေရင်းပြင်းလာတာနဲ့ အိမ်အတွက်လိုအပ်တာလေးတွေဝယ်ရန်ကျောင်းနဲ့နီးတဲ့ လျှောပင်းမောကိုထွက်လာလိုက်သည် ပြီးရင်တစ်ခါထဲ သားလေးကိုကျောင်းဝင်ကြိုပြီးပြန်မယ်ဆိုပြီးပေါ့ လျှောပင်းမောကိုပတ်ရင်းလိုအပ်တာအနည်းငယ်ကိုလဲဝယ်ကာ ပြန်ထွက်မယ်အလုပ်
bg: ထယ်ယောင်းရှိ
အနောက်ကနေလှမ်းခေါ်သံကြားရလို့ကြည့်မိတော့ကျွန်တော့်ဆီအပြေးလာနေတဲ့ park ceo
tae: ceo
bg: ဟူး တကယ်ကို ထယ်ယောင်းရှိဘဲ ကျွန်တော်လဲဆင်တယ်ဆိုပြီးလှမ်းခေါ်လိုက်တာ
tae: ahh ဟုတ်ကဲ့ ဘာပြောစရာရှိလို့လဲ ceo
bg: နေမကောင်းဘူးဆို ဘယ်လိုဖြစ်ရတာလဲ
ရုတ်တရက် ကျွန်တော့်နဖူးကိုစမ်းကာပြောလာတဲ့ park ceo သူကသဘောရိုးနဲ့ဆိုရင်တောင် ကျွန်တော့်အသားကိုမောင်ကလွဲရင်တခြားလူထိတာမကြိုက်တာကြောင့် ခုလိုအပြုမူကို အနှစ်မျို့
tae: ဟုတ်မနက်က ခေါင်းနည်းနည်းနောက်လို့ပါ အခုသက်သာသွားပါပြီ ဒါနဲ့ ceo ကဘယ်လိုသိတာလဲ
bg: ဟိုမနက်က ကျွန်တော် ထယ်ယောင်းတို့ကုမ္ပဏီရောက်ခဲ့သေးတယ်လေ အဲ့ဒါထယ်ယောင်းရှိကိုမတွေ့လို့မေးလိုက်တော့ jhope. ကပြောလိုက်တာ jungkook လဲဖျားလို့ကုမ္ပဏီမလာဘူးတဲ့ ထယ်ယောင်းရှိကလဲခွင့်တိုင်ထားတယ်တဲ့လေ
jungkook ဆိုတဲ့အသံကြားလိုက်တာနဲ့ ဘယ်လောက်ဘဲတင်းခံထားတင်းခံထား စိုးရိမ်စိတ်ကကြီးစိုးသွားရသည် မောင်ကဖျားနေတယ်တဲ့လား ဘယ်လိုဖြစ်ရတာလဲ ကုမ္ပဏီတောင်မလာနိုင်ဘူးဆိုတော့ အရမ်းများအဖျားကြီးနေလို့လား
tae: ဗျာ မောင် အော်ဟို ceo လဲနေမကောင်းဘူးတဲ့လား ဘယ်လိုဖြစ်ရတာလဲ အခုကောသက်သာရဲ့လား
jungkook ဆိုတဲ့အသံလေးကြားယုံနဲ့တင် ပြုံးရွှင်လာပြီး မျက်ဝန်းလေးတွေကလက်လာတဲ့ လူသားလေးက ဖျားနေတယ်ဆိုတဲ့အသံလဲကြားရော စိတ်ပူနေလိုက်တာများ ဟူး တကယ်ဘဲမင်းရဲ့ရွေးချယ်မှုက jungkook ဘဲလား ထယ်ယောင်းရယ်
YOU ARE READING
ထယ်ချစ်ရပါသောမောင် (Completed)
Fanfictionမထင်မှတ်ဘဲတွေ့ဆုံခဲ့ရတဲ့ လူတစ်ယောက်က ကျွန်တော့်ဘဝရဲ့အရေးပါဆုံးလူသားဖြစ်လာခဲ့တယ် ချယ်ရီတွေကြားက ကောက်ရခဲ့တဲ့ မောင့်ကိုထယ်က ချယ်ရီလေးတွေထက်ပိုချစ်တယ်