ဘာလိုလိုနဲ့ ကျွန်တော် ကိုကိုတို့ဆီရောက်လာခဲ့တာ ၉ လပင်ပြည့်သွားပြီ ကျွန်တော်မှာမိသားစူလဲမရှိဘူးထင်ပါရဲ့ အခုချိန်ထိ ကျွန်တော်နဲ့ပတ်သတ်ပြီးစုံစမ်းတာဘာတစ်ခုမှမကြားရ. သတင်းစာတွေထဲလဲ လူပျောက်ကြော်ငြာမပါသလို သတင်းတွေမှာလဲ ကျွန်တော်ပျောက်ဆုံးကြောင်းပါမလာ ဒါလဲတစ်ခုတော့ကောင်းပါတယ် ကျွန်တော့်မှာမိသားစုမရှိဘူးဆိုတော့ ကျွန်တော်ဘယ်ကိုမှပြန်သွားစရာမလိုတော့ဘူးပေါ့ ဒါဆိုကျွန်တော်ချစ်တဲ့ ကိုကိုနဲ့လဲခွဲစရာမလိုတော့ဘူး အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်ကိုကို့အပေါ်ထားတဲ့ ခံစားချက်တွေကပိုပိုပြီးလေးနက်လာခဲ့တယ် ဒီနေ့တော့ ကျွန်တော်မြိုသိပ်မထားနိုင်တော့ဘူး jimin hyung တို့ကို ဖွင့်ပြောပြပြီးသူတို့နဲ့တိုင်ပင်ကာ ကိုကို့ကို ကျွန်တော်ဒီနေ့လက်ထက်ခွင့်တောင်းမို့စီစဉ်ထားတယ် ဒါကြောင့်လဲ ဒီနေ့ကိုကိုနဲ့ အလုပ်လိုက်မသွားဘဲ အိမ်မှာဘဲနေခဲ့လိုက်တယ် တစ်ယောက်ထဲလွှတ်ကတာလဲ စိတ်တော့မချ သိတယ်မို့လား ကျွန်တော့်ကိုကို လှချက်က မြင်သူတိုင် သဘောတွေ့စရာလေ ဝိုင်းငမ်းနေတဲ့ပုရိသတွေဟာလဲ တပုံ အဲ့တော့ တစ်ယောက်ထဲလွှတ်ကတာဘယ်လိုမှစိတ်မချနိုင် ဟူး ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ညနေမှဘဲ သွားကြိုလိုက်တော့မယ် ညဘက်ဆိုအပြန်လမ်းက လူပျက်တယ်လေ
တဖက်တွင်လဲ
ထယ်မနက်ထဲကအလုပ်သာလုပ်နေကတာ စိတ်ကမဖြောင့် အကြောင်းကတော့ တစ်ခါမှအလုပ်မပျက်ဘူးတဲ့ bunny က ခေါင်းနောက်သည်ဟုဆိုကာ အလုပ်မလာဘဲ အိမ်မှာကျန်ခဲ့ခြင်းကြောင့်ဖြစ်သည် bunny အဆင်မှပြေပါ့မလား ခေါင်းကအရမ်းများကိုက်နေမလား ဟုတွေးပူကာ အလုပ်လုပ်နေရတာ စိတ်မပါ အိမ်ကိုသာအမြန်ပြန်ပြေးချင်နေမိသည် ဒီလိုနဲ့ ညနေ ၅ နာရီထိုးလာတော့ ဆိုင်ကိုအမြန်ပိတ်ကာ သိမ်းစရာရှိတာသိမ်းပြီး အိမ်ပြန်မည်အလုပ် နေမကောင်းတဲ့ကောင်လေးကိုသတိရကာ ထမင်းစားရတာအဆင်မပြေမှာစိုးသဖြင့် သူကြိုက်တဲ့ခေါက်ဆွဲလေးဝင်ဝယ်ရန် ခေါက်ဆွဲဆိုင်ဘက် လှမ်းလာခဲ့လိုက်သည်
ညနေ ၅ နာရီ ခွဲတော့ အားလုံး အဆင်သင့်ပြင်ပြီးသွားတာနဲ့ ကိုကို့ကိုကြိုရန်အပြင်ထွက်လာလိုက်သည် စက်ဘီးကကိုကိုယူသွားသည်မို့လမ်းလျှောက်ပြီးလာရတော့ ကျွန်တော်နောက်ကျသွားသည် ဆိုင်ကပိတ်ပြီးနေပြီ ကိုကိုလဲရှိမနေတော့ လမ်းမှာလဲ မဆုံပါဘူး ကိုကိုဘယ်လမ်းကများပြန်လဲမသိဘူး ဟူး အိမ်ကိုအရင်ပြန်ရောက်သွားလို့တော့မဖြစ် jimin hyung ကိုဖုန်းဆက်ကြည့်ရမယ်
YOU ARE READING
ထယ်ချစ်ရပါသောမောင် (Completed)
Fanficမထင်မှတ်ဘဲတွေ့ဆုံခဲ့ရတဲ့ လူတစ်ယောက်က ကျွန်တော့်ဘဝရဲ့အရေးပါဆုံးလူသားဖြစ်လာခဲ့တယ် ချယ်ရီတွေကြားက ကောက်ရခဲ့တဲ့ မောင့်ကိုထယ်က ချယ်ရီလေးတွေထက်ပိုချစ်တယ်