လေးလံတဲ့စိတ်အဆုံနဲ့ တက္ကဆီလေးစီးရင်း ချစ်ရသူဆီသွားနေတဲ့ လမ်းလေးဟာ ထယ့်ကိုပျော်ရွှင်မှုမပေးနိုင်ပြန်ဘူး ဘာလို့ဆိုအခုသွားနေတာ မောင့်ကိုအပြီးပိုင်စွင့်လွှတ်ပေးမို့လေ မောင်ကသူများအပိုင်ဖြစ်တော့မယ်ဆိုတာကိုစဉ်းစားမိတိုင်း ထယ်ရင်နာရတယ် DNA စစ်ချက်က လိမ်နေတယ်ဆိုတာသိပေမဲ့လဲ ထယ်သက်သေမပြချင်တော့ မောင်ကိုယ်တိုင်က အမှန်တရားကိုလက်ခံချင်တဲ့ပုံမပေါ်ဘူးလေ မောင်ကသူယောကျာ်းလေးတစ်ယောက်နဲ့ဘယ်တော့မှချစ်မိမှာမဟုတ်ဘူးလို့ တထစ်ချယုံကြည်ထားတာလေ ဒါကြောင့်လဲ ထယ်နဲ့သားကိုမြင်ရင်တောင်မောင်ဘားမှမခံစားရတာနေမှာပေါ့
ထယ် မောင်နဲ့အကြောင်းတွေ တွေးလိုက်တိုင်း တကယ်ကိုမျက်ရည်ကျရတယ် သားကိုလဲသိပ်သနားတယ် သူကသူ့အဖေကိုအရမ်းကိုမျော်လင့်နေရှာတာ အခုလဲအိမ်ထဲကမထွက်ခင် ငိုယိုပြီးမှာလိုက်သေး သား daddy ကိုပြန်ခေါ်ခဲ့ပေးပါတဲ့ သားရယ် papa လဲ ကြိုးစားတာဘဲလေ သား daddy ကမှ လက်မခံနိုင်တာ pa ကဘယ်လိုလုပ်ပေးရမှာလဲကွယ့်
အတွေးတွေနဲ့ကားစီးလာလိုက်တာ joen အိမ်တော်ရှေ့တောင်ရောက်လာပြီဘဲ ကားသမားဦးလေးကြီးကိုကားခရှင်းကာ အိမ်တော်ထဲဝင်လာတော့ ခြံထဲမှာ ကိုယ်ဆီအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားတွေ ပွဲတစ်ခုခုအတွက်ပြင်ဆင်နေပုံ ထယ်လဲကို့ကိစ္စမဟုတ်တာကြောင့် စပ်စုမနေတော့ဘဲ အိမ်ထဲသာဝင်သွားလိုက်သည် ဧည့်ခန်းမှာအန်တီနဲ့ အန်ကယ်ရယ် မောင်ရယ်အပြင် ဦးလေးကြီးတစ်ယောက်ပါထိုင်နေသည် ကြည့်ရတာရှေ့နေဦးလေးကြီးထင်ပါရဲ့ အန်တီကကျွန်တော့်ကိုလမြင်ရော
mrs joen: aww သားထယ်ယောင်းရောက်ပြီလား လာလေကွယ် မြေးလေးကောမပါဘူးလား သား
tae: ဟုတ် မပါဘူး အန်တီ သားကအိပ်ပျော်နေလို့
(ထယ်အန်တီ့ကိုလိမ်လိုက်သည် သားလေးကိုတမင်မခေါ်လာတာကိုပေါ့ သားကသူ့အဖေကိုတွေ့ရင် သောင်းကျန်မှာဆိုးလို့လေ)
jk: မေမေ မလိုအပ်တာတွေမေးမနေပါနဲ့ လာရင်းကိစ္စကိုဘဲ အမြန်လုပ်ရအောင် သားမှာအချိန်မရှိဘူး ညနေစေ့စပ်ပွဲလဲရှိသေးတယ် ဦးလေး စာချုပ်ထုပ်ပေးလိုက်ပါ.
YOU ARE READING
ထယ်ချစ်ရပါသောမောင် (Completed)
Fanfictionမထင်မှတ်ဘဲတွေ့ဆုံခဲ့ရတဲ့ လူတစ်ယောက်က ကျွန်တော့်ဘဝရဲ့အရေးပါဆုံးလူသားဖြစ်လာခဲ့တယ် ချယ်ရီတွေကြားက ကောက်ရခဲ့တဲ့ မောင့်ကိုထယ်က ချယ်ရီလေးတွေထက်ပိုချစ်တယ်