အပိုင်း(၄)

358 15 0
                                    

Zawgyi

"လာ ဒီမှာထိုင်လိုက်"

မာနခက်ထန်ကကောင်လေးရဲ့လက်မောင်းကိုတွဲပေးပြီးဆိုဖာပေါ်ကိုအသာထိုင်စေတယ်။

"ကောင်းကောင်း ကောင်းကောင်း ဒီကိုခဏလာဦး"

"ဟုတ်ကဲ့ဦးမာန!"

အသက်၈နှစ်လောက်သာရှိဦးမယ့်ကောင်းကောင်းဆိုတဲ့ကောင်လေးကမာနခက်ထန်ဆီကိုဆေးသေတ္တာ တစ်ခုကိုင်ပြီးပြေးလာတယ်။

"ဒီမှာ ခြေထောက်ကိုသက်သာအောင်နည်းနည်းဆေးလိမ်းပေးလိုက်ဦး"

"ဟုတ်ကဲ့"

ကောင်းကောင်းလေးကသွက်သွက်လက်လက်နဲ့လွမ်းမဲ့မီးအိမ်ရှေ့မှာတင်ပျဉ်ခွေထိုင်ချလိုက်တယ်။ဒီကလေးပုံစံကလွမ်းမဲ့မီးအိမ်ရဲ့အတိတ်ကဖြစ်ရပ်တွေကိုသတိရစေတာမလို့အသာရှောင်ဖယ်မိတယ်။

"နေပါစေ သူ့ဘာသာသူသက်သာသွားပါလိမ့်မယ်"

မာနခက်ထန်ဘေးကဝင်ပြောမလို့ရှိသေးတယ်။ပိုပြီးသွက်လက်တဲ့ကောင်းကောင်းကပြုံးရင်းလွမ်းမဲ့မီးအိမ်ကိုပြောလာတယ်။

"ကိုကိုလေးစိတ်ချပါဗျာ ကျွန်တော်ကကောင်းကောင်းနှိပ်နယ်တတ်ပါတယ် ကိုကိုလေးနာတာတောင်သိလိုက်မှာမဟုတ်ဘူး"

"နာမှာကြောက်လို့မဟုတ်ပါဘူး ဒီအတိုင်း......"

ဒီအတိုင်းနည်းနည်းလောက်ဝမ်းနည်းမိရုံပါ။

နောက်ကစကားကိုလွမ်းမဲ့မီးအိမ်ဆက်မပြောတော့ဘဲခြေထောက်ကိုသာဖွက်ထားလိုက်တော့တယ်။ကောင်းကောင်းကတော့သူ့ကိုနားမလည်သလိုကြည့်တယ်။

"ဘာလို့လဲ ဆေးလိမ်းရမှာကြောက်တာလား"

"ကျွန်တော်အဲ့လောက်လည်းမနာပါဘူး ဆေးလိမ်းဖို့မလိုလောက်ဘူးထက်တယ်"

ဒီလောက်ထိညိုရောင်သွားအောင်ကတော့လွမ်းမဲ့မီးအိမ်တမင်လုပ်တာမဟုတ်တာတော့သေချာတယ်။တကယ်ကိုခြေထောက်ခေါက်သွားတာ။ဒါပေမယ့်အသက်ငယ်ငဟ်နဲ့ကလေးတစ်ယောက်ကိုဘယ်သူမှန်းတောင်မသိတဲ့လူရဲ့ခြေထောက်ကိုကိုင်ခိုင်းတာကိုတော့လွမ်းမဲ့မီးအိမ်လုပ်မှာမဟုတ်ပေ။

လွမ်းမဲ့မီးအိမ်(Just a wedding Daddy) (Complete)Donde viven las historias. Descúbrelo ahora