^^နိဂုံး^^

539 50 0
                                    

  ကံကြမ္မာရဲ့ ဇာတ်ခုံပေါ်မှာ
  ကိုယ်ဟာ ဇာတ်ဆရာအလိုကြ
ကပေးနေရသူပါ ဇာတ်အိမ်ကောင်းတော့မဟုတ်ချေ
  ကိုယ့်ရဲ့ဇာတ်အိမ်ဟာ အမြဲတမ်း
   ဇာတ်နာရသူပါ အခုလဲ
ဇာတ်ဆရာအလိုကြ ကိုယ်ဘယ်လို
   ဇာတ်မျိုးကိုကရအုံးမလဲ
   သေချာတာကတော့
ပျော်ရွှင်မှုဇာတ်လမ်းမဟုတ်လောက်ပါ
။။။။။။။။။။။
  နားလည်မှု ယုံကြည်မှု အချစ်
အားလုံးဟာ မောင်တစ်ယောက်ထဲအတွက်လို့
ဟစ်ကြွေးခဲ့ပေမဲ့ ထိုအရာအားလုံးကို
မောင် ဟာ တခနအတွင်း ဖျက်စီးလိုက်နိုင်သူပါ
ချစ်လွန်းလို့ အချော့ပေးမယ်လို့ တွေးနေခါမှ
မောင့်ရဲ့လုပ်ရပ်တွေဟာ
ခွင့်လွတ်ဖို့မထိုက်တန်တော့ပါ
ကိုယ့်အပေါ်ထားခဲ့တဲ့ အချစ်တွေဟာ
အတုရောင်မှန်းသာသိခဲ့ရင် ကိုယ်
လက်ခံခဲ့မှာမဟုတ်ပါဘူး
ချစ်ပါတယ်ဆိုတဲ့ စကားကိုတဖွဖွပြောသူ
မောင်ဟာ တကယ်တော့ ချစ်နေတာ
ကိုယ့်ကိုမဟုတ်ပါ အရာရာမှာ
နားလည်ပေးခဲ့ပေမဲ့ ဒီတခါတော့
ကိုယ်တကယ်လက်လွတ်လိုက်ပြီ မောင်
ကိုယ့်အချစ်တွေက မောင့်ကို
အဆင်မပြေဖြစ်စေခဲ့တယ်ဆိုရင်
ကိုယ့်အချစ်တွေကို ထုပ်ပိုးပြီး
မောင်နဲ့ဝေးရာကို ကိုထွက်သွားပေးမှာပါ
မချစ်လို့မဟုတ်ဘူးနော် အရမ်းချစ်လို့
အရမ်းချစ်လို့ ကိုထပ်ပြီးတော့လဲ
မနာကျင်ချင်တော့လိုပါ
မောင့်ကိုလွမ်းခဲ့မယ်ဆိုရင်တော
ကိုယ် နာစရာလေးတွေ တွေးပြီး
မလွမ်းမိအောင်ပဲနေတော့မယ် မောင်

မောင့်ကိုချော့ရန် မောင့်ဆီကိုလိုက်လာခဲ့ပေမဲ့
မောင်နဲ့မောင်ချစ်သူဟာ
မောင့်ရုံးခန်းထဲမှာ နမ်းနေလေရဲ့
မောင့်အတွက် ထုပ်လာပေးတဲ့
ထမင်းထုပ်လေးဟာလဲ ကျမ်းပေါ်မှာ
ကိုယ် ကိုတိုင်ကလဲ ခြေတွေမခိုင်တော့ပဲ
ကျမ်းပေါ်ကိုထိုင်ချလိုက်မိသည်
မောင့်ရဲ့မျက်လုံးတွေဟာ
ကြောက်လန့်နေပုံ ကိုယ့်ကိုကြည့်နေသည်
မဟုတ်ဘူး မဟုတ်ဘူးမလား
ဒါအိမ်မက်ဆိုးတခုပဲ့ ဟုတ်တယ်အိမ်မက်
လုပ်ရက်လိုက်တာ မောင် ရယ်
ကိုယ်‌ပေါ်ကို ထပ်ပြီး ထပ်ပြီး‌ မောင်ကရက်စက်ပြန်ပြီ
စကားတွေမပြေနိုင်တော့ပါ
နှုတ်ခမ်းတွေဟာ တစက်စက်တုံနေသည်
ထိုမြင်ကွင်းကိုလဲ ထပ်ပြီးမကြည့်နိုင်တော့ပါ
ပြေးထွက်လာခဲ့ အနောက်မှာ
မောင် တစ်ယောက်ဘယ်လိုကျန်ခဲ့လာသူမသိပါ

^^နိဂုံး^^ ConclusionWhere stories live. Discover now