"နိဂုံး"

527 47 0
                                    

အချစ်ဆိုတာ
သူကိုယ့်အပေါ် ဘယ်လိုအမှားတွေပဲ
လုပ်ခဲ့လုပ်ခဲ့
ဘယ်လို နာကျင်မှုတွေပဲ
ပေးခဲ့ပေးခဲ့
ကိုယ်က ချစ်နေရသူမို့
အဆုံးထိ ခွင့်လွတ် ချစ်ပေးတတ်တာမျိုး

ဘယ်လောက်ပဲ
မုန်းပါတယ်ပြောပြော
ဘယ်လောက်ပဲ
နာကြည်းပါတယ်ပြောပြော
ပါးစပ်ပြောသာရှိခဲ့တာပါ
သူပျော်ဖို့အတွက်သာလုပ်ခဲ့ပေမဲ့
သူ့ကိုမမုန်းခဲ့ပါ မဟုတ်ဘူး
မုန်းလို့ကိုမရခဲ့ပါ အရမ်းချစ်လို့
အရမ်းချစ်မိသွားလို့ပါ

စာဖတ်သူတို့ကတော့
အခုချိန် ကျနော့ကို လှောင်ပြောင်နေရော်ပေါ့
တစ်ချိန် စာဖတ်သူတို့ ချစ်တတ်လာတဲ့အခါ
အချစ်စစ်ကိုတွေ့လာတဲ့အခါ
ကျနော့ခံစားချက်ကို နားလည်လာမယ်လို့ထင်တယ်
သေချာပေါက် ကျနော်လို ခံယူတတ်လာမှာပါ
တကယ် ချစ်တတ်လာခဲ့ရင်ပေါ့
။။။။။။။။။။။။။။

အချိန်တွေဟာ တရွေ့ရွေ့
ကုန်လာလိုက်တာ ဘာမှမဟုတ်သလိုမျိုး
အားလုံး ဟာသူ့နေရာနဲ့သူ
နေသားကျနေပေမဲ့
မောင်နဲ့ ဆိုင်သူလေးကတော့
မဟုတ်သေးပါ
မောင်ဟာ နေ့တိုင်း
ဆိုင်သူလေးရှိရာ ပန်းဆိုင်လေးကိုလာနေဆဲ
ဆိုင်သူလေးကို တောင်းပန်နေဆဲပါ
ဆိုင်သူလေးဟာလဲ
အခုချိန်ထိ တင်းမာနေဆဲ
အခုချိန်ထိ မူနေဆဲပဲ
အားလုံးနဲ့ အဆင်ပြေနေပေမဲ့
ချစ်ရသူလေးနဲ့တော့ မပြေနိုင်ပါ
ကိုယ် အထပ်ထပ်ခါခါ ရှင်းပြလဲ
မသိသလို မရှိသလိုသာနေသည်
ဘယ်အချိန်ထိများ အခုလိုနေရအုန်းမှာလဲ
ဘယ်အချိန်ထိပဲ ဖြစ်ဖြစ်ပါ
မောင်ကတော့ ဆက်ပြီး ရှင်းပြနေ
တောင်းပန်နေအုန်းမှာမို့
အဆင်ပြေပါတယ်

မချစ်လာ မဟုတ်ပါ
ဒါဆိုဘာလို့လဲ သိချင်တယ်မလား
အချိန်တွေ အကြားရီးခွဲနေပြီးမှ
အရင်လို ပြန်နေဖို့ရာ
ပတ်ဝန်းကျင် ရှိသေးတယ်မလား
နောက်ပြီး Taeကိုရော်
ကိုယ် ထည့်တွက်သင့်တယ်လေ
တခါလောက်တော့ သူ့ဘက်ကို
ကြည့်ပေးသင့်တယ်မလား
ကိုယ် အဆင်မပြေတဲ့အချိန်သူရှိနေပြီး
သူအဆင်မပြေတဲ့ အချိန်ကိုယ်မရှိရင်
ဒါဟာ ဘယ်တရားတော့မလဲ
ကိုယ် သိတာပေါ
ရိပ်လဲ ရိပ်မိတာပေါ့
ကိုယ့် အပေါ်ထားတဲ့ Taeရဲ့ စိတ်ကို
ကိုယ်သိတာပေါ့
ကိုယ် နေရခက်မှာဆိုးလို့သာ
သူကမပြောတာ သူ့အမူအရာတွေက
သူငယ်ချင်းထပ် ပိုတယ်ဆိုတာ
အားလုံးကို ထားခဲ့ပြီး ကိုယ့်အတွက်နဲ့
ကိုယ့်နောက် လိုက်ခဲ့တဲ့သူ့ကို
ဘယ်လို စိတ်နဲ့ ထားခဲ့ရက်မှာလဲ
ဒါဆို ဘာလုပ်ရမှာလဲ
ကိုယ်က ဘာကိုရွေးချယ်ရမှာလဲ
ချစ်ရတဲ့ မောင့်ကိုလား Taeကိုလား

^^နိဂုံး^^ ConclusionWhere stories live. Discover now