^^နိဂုံး^^{Ep16}
အတွေးတွေဟာ တရိပ်ရိပ်နဲ့
အိမ်မက်လိုလို တကယ်လိုလိုနဲ့
ခေါင်းတွေအုံခဲပြီး
ဘာတခုမှကိုမသိတော့တဲ့ အဲ့ညကဘာတွေစဖြစ်ခဲ့ကြတာလည်းဆိုရင်
အလုပ်ကိစ္စကြောင့် သောက်ဖြစ်လာကြတယ်
လူကအများရီးမသောက်ပါပဲ
အရမ်းမူးဝေနေတာ" Jone ရရဲ့လား Hana လိုက်ပို့မယ်လေ"
"ရတယ် Hana ကိုယ်မောင်းနိုင်ပါတယ်"
"မဟုတ်တာ Joneကြည့်ရတာ အရမ်းမူးနေသလိုပဲ"
"မလိုဘူး Hana ရပါတယ်""လာပါ အားနာမနေနဲ့ Hanaကိုတွဲလိုက်"
သူမကို တွဲလိုက်ပြီးချိန်
လူဟာ ဘာတခုမှမသိတော့ပါ
လေဟာနယ်ထဲ ရောက်နေသလို"Min~~ဟင်းး~~အင်းး~~
ညီးသံ ယဲယဲလေးတွေရယ်
ကိုယ်ပေါ်မှာ ရွေ့လျှားနေတဲ့
အထိအတွေ့ တွေရယ်
လူကဘာဖြစ်ချင်နေမှန်းမသိပါမနက်ရောက်တော့
ခေါင်းတွေဟာ ထိုးကိုက်လာသည်
မရင်းနီးတဲ့ ပတ်ဝန်းကျင်နှင့် အိတ်ယာ
ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့"ဟာ သွားပြီ သွားပြီ
ဘာတွေလည်း ဘာတွေဖြစ်ကုန်တာလည်း"ဆံပင်တွေကို အကြမ်းပတမ်း ထိုးဖွလိုက်သည်
ကိုယ့်ဘေးမှာ အဝတ်ဗလာနဲ့
အိပ်ပျော်နေတဲ့ Hana ကိုတွေ့တော့
မှားသွားပြီ အရာအားလုံးမှားကုန်ပြီ
မောင် Minကို ထပ်ပြီးနာကျင်အောင်လုပ်မိပြန်ပြီအဝတ်တွေပြန်ဝတ်ကာ
Phကို ကြည့်လိုက်တော့
ph call ပေါင်းများစွာ သွားပြီ
Minသူ့ကို စောင့်နေတော့မှာ
အတွေးတွေနဲ့ မျက်ရည်တွေဟာရော်လာသည်
အိမ်ကိုသာ အမြန်ပြန်ခဲ့လိုက်သည်အိမ်ကိုရောက်တော့ အိမ်ရှေ့မှာ
ကွေးကွေးလေး အိပ်ပျော်နေတဲ့
ချစ်ရသူကို တွေ့တော့ ရင်တွေဟာ
အတိုင်းမသိ နာကျင်လာပြန်သည်
မောင် ဟာ မကောင်းတဲ့လူပါ Minရယ်မုန်းသွားမှာ ကြောက်သည်
ရွံသွားမှာ ကြောက်သည်
စိတ်နာသွားမှာ ကြောက်သည်
ဘာတွေဖြစ်လာမှာလည်း ထပ်ပြီး
ဝေးကြဖို့လား မဖြစ်နိုင်ဘူးထင်တယ်နော်
မောင် ရူးရလိမ့်မယ် Minရယ်
မောင် တောင်းပန်ပါတယ်
တောင်းပန်ယုံအပြင်မရှိတော့လို့ပါ
။။။။။။။။။။။။။။။။။။။။