~Scroll Down for ZAWGYI~
If you're with me
Written by @Joydaisies_Youngji
Genres-BJYX,Smut,NSFW, Angst, Stepbrother, Angst with Happy Ending
This is a commission work! Don't repost
Warning ⚠️ . It's just work of 'Fanfiction. It has nothing to do with real Characters! Everything includes in this fiction is just my imaginations
Chapter-1
ရှောင်းကျန့် အသက်ဆယ့်ခြောက်နှစ် အရွယ်လောက်မှာပေါ့။
ပါးပါးကသူ့ဘဝမှာ တစ်ခါမှမမြင်ဖူးတဲ့ ကောင်လေးတစ်ယောက်ရဲ့လက်ကိုဆွဲပြီး သူတို့အိမ်ထဲကိုခေါ်လာပြီး သူနဲ့မိတ်ဆက်ပေးတယ်။
အဲ့ကောင်လေးရဲ့နာမည်က'ဝမ်ရိပေါ်'တဲ့။
ပြီးတော့ဒီနေ့ကစပြီးသူရဲ့ ညီလေးဖြစ်လာမဲ့သူပါတဲ့။
"သား ညီလေးကို သေချာဂရုစိုက်ပေးရမယ်နော်.."
ဒါဘယ်လိုမှအဓိပ္ပာယ်မရှိတဲ့စကားပဲ..
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ဆီမှာ တူညီတာဆိုလို့
ဘာဆိုဘာမှရှိမနေခဲ့ဘူးလေ။နာမည်ကအစရုပ်ရည်အဆုံး၊လုံးဝ ဘာတစ်ခုမှမတူညီဘဲ တခြားစီဖြစ်နေခဲ့တာကို ပါးပါးကတော့သူရဲ့ညီလေးပါဆိုပြီး မိတ်ဆက်ပေးပြီး အိမ်အထဲထိခေါ်လာခဲ့တယ်။
အမှန်တိုင်းပြောရရင် ရှောင်းကျန့်နောက်ထပ် ညီလေးတစ်ယောက်မလိုချင်ဘူး။
ပါးနဲ့မားရဲ့အချစ်တွေကို တခြားလူတစ်ယောက်ဆီ သူခွဲဝေမပေးချင်ဘူး။
သူတစ်ယောက်တည်းကပဲ အကုန်လိုချင်တာ။
အဲ့လိုပါပဲ..ဆယ့်ခြောက်နှစ်လုံးလုံး အိမ်မှာဖူးဖူးမှုတ်ခံထားရတဲ့ တစ်ဦးတည်းသောသားလေး ရှောင်းကျန့်ကတစ်ကိုယ်ကောင်း နည်းနည်းဆန်တယ်။
ဝမ်ရိပေါ်ကသူနဲ့ပထမဆုံးတွေ့တဲ့နေ့မှာတင်တစ်စက်လေးမှ ယဉ်ကျေးမှုမရှိဘဲ သူကိုသေချာစိုက်ကြည့်နေခဲ့တယ်။
အစိမ်းလိုက်ဝါးစားတော့မလိုပဲ မုန်းစရာကောင်!
ဘယ်လောက်ထိလဲဆိုရင် ဒီအတိုင်းဘာစကားမှလည်းမပြောဘဲ သူကိုပဲတစိုက်မတ်မတ်အရူးလိုမျိုး စိုက်ကြည့်နေခဲ့တာလေ။
YOU ARE READING
If You're With Me (Completed)
FanfictionBJYX Fanfiction "မင်းသာ ငါနဲ့တစ်ဘဝလုံး အတူတူရှိနေပေးမယ်ဆိုရင် ဒီဘဝမှာတော့ သေချာတယ် မင်းမှမင်းပါပဲ" This is a commission work. Start Date - May 4,2022 End Date - May 12,2022