~Scroll Down for ZAWGYI~
Chapter-2
ရှောင်းကျန့် နိုးနိုးချင်း မြင်လိုက်ရတာ တခြားမဟုတ်ဘဲ ဝမ်ရိပေါ်ရဲ့ ဖောင်းကားနေတဲ့ပါးနှစ်ဖက်နဲ့ မျက်နှာကြီးကို ဖြစ်တယ်။
ရှောင်းကျန့်မျက်လုံးဖွင့်ဖွင့်ချင်း ရုတ်တရက်ကြီး ရိပေါ်ကိုအရင်ဆုံး
သူ့ကုတင်ပေါ်မှာ မြင်လိုက်ရလို့ တော်တော်လေး လန့်သွားတယ်.မနေ့ညက အကြောင်းတွေ
ပြန်စဉ်းစားမိလိုက်တော့မှပဲ
သူ့နဖူးသူပြန်ရိုက်ချင်မိသွားပြီ...သူဘယ်လိုတောင်
စဉ်းစားဉာဏ်မရှိခဲ့တာပါလိမ့်ရှောင်းကျန့် မနေ့ညက အသိစိတ်လွတ်သွားခဲ့တာပဲလား
ဒါမှမဟုတ် ဝမ်ရိပေါ်ကပဲ
သူကို စိတ်တွေဖောက်ပြားသွားအောင်လို့ ပြုစားခဲ့တာပဲနေမယ်သူမသိတော့ဘူး။
ရှောင်းကျန့်စိတ်တွေရှုပ်လာတယ်သူ့ဘေးကိုအတင်းတိုးပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့
ရိပေါ်ရဲ့ပါးလုံးလုံးကစ်ကစ်ကြီးကို လက်နဲ့ဆွဲညှစ်ပစ်လိုက်တယ်။တော်တော်တော့နာသွားမှာပဲ
ကိစ္စမရှိပါဘူး။သူကရိပေါ်နာအောင်လို့
တမင်လုပ်လိုက်တာပဲဟာရိပေါ်လည်း သူကြောင့်နဲ့ပဲ
ရုတ်တရက်လန့်နိုးလာတယ်။သူ့လက်တွေ လွှတ်ပေးလိုက်တော့
ရိပေါ်ရဲ့ပါးတစ်ဖက်က
ခရမ်းချဉ်သီးလိုမျိုး နီရဲနေခဲ့ပြီ။နေပါအုံး သူလုပ်လိုက်တာ
ဒီလောက်ပဲ ကြမ်းသွားတာလား။ရိပေါ်ကဒီလောက်အဆွဲခံရတာတောင် ဘာအသံမှမထွက်ဘူး။
သူကို သေချာစိုက်ကြည့်ပြီး
သူကြောင့်ယောင်ယမ်းသွားတဲ့ ပါးတစ်ဖက်ကိုပဲလက်နဲ့ခပ်ဖွဖွ
ပွတ်သပ်နေခဲ့တယ်။ယောက်ျားတစ်ယောကရဲ့ နိုးနိုးချင်းအချိန်ကအန္တရာယ်အများဆုံးပဲ
အထူးသဖြင့် အဲ့ယောက်ျားက
ကိုယ်နဲ့ကုတင်တစ်ခုတည်းပေါ်မှာ
အတူတူအိပ်ပြီးနိုးထလာချိန်မှာ
ကိုယ်ကိုသားရဲတစ်ကောင်လို
စိုက်ကြည့်နေခဲ့ရင် ပိုလို့တောင်နေရခက်သေးတယ်။
YOU ARE READING
If You're With Me (Completed)
FanfictionBJYX Fanfiction "မင်းသာ ငါနဲ့တစ်ဘဝလုံး အတူတူရှိနေပေးမယ်ဆိုရင် ဒီဘဝမှာတော့ သေချာတယ် မင်းမှမင်းပါပဲ" This is a commission work. Start Date - May 4,2022 End Date - May 12,2022