~Scroll Down for Zawgyi~
Chapter (3)
ရှောင်းကျန့် အောက်ထပ်ရောက်တော့ မားကမနက်စာပြင်ပြီးသွားလို့
ထမင်းစားစားပွဲခုံရဲ့ထိပ်ဆုံးနေရာမှာ
သူကိုထိုင်စောင့်နေတယ်။“မြန်မြန်လာစား..
ကျောင်းနောက်ကျတော့မယ်”သူလည်းဝင်ထိုင်လိုက်ပြီး မားအဆင်သင့်ပြင်ပေးထားတဲ့မနက်စာကို ထိုင်စားနေတုန်း ငါးမိနစ်လောက်ကြာတော့ ရိပေါ်လည်း အောက်ဆင်းလာတယ်။
မားကရိပေါ်ကိုတွေ့တော့ ထုံးစံအတိုင်း စဆူတော့တာပဲ။
“တစ်မနက်လုံးဘယ်နားသွားသေနေလဲ အရေးရယ် အကြောင်းရယ်ဆို ဘယ်ချောင်ထဲသွားခွေနေမှန်းမသိဘူး
ထမင်းစားရတော့မယ်ဆိုရင်တော့
သူကအိမ်ရှင်ကြီးလိုပဲ နောက်ဆုံးမှရောက်ချလာတာ တကယ်တည်းမှပဲ ပြောကိုမပြောလိုက်ချင်ဘူး”ကြားထဲကမနက်စာထိုင်စားနေတဲ့သူတောင် မားကြောင့် နားညီးလွန်းလို့ ထွက်ပြေးချင်တယ်။
ဝမ်ရိပေါ် ဘာမှမကြားလိုက်သလိုမျိုး သည်းခံနိုင်တာ တကယ်အံဩစရာပဲ။
“မားရယ် မနက်စာအေးဆေးပဲစားရအောင် မနက်ခင်းစောစောစီးစီးဆူပူမနေပါနဲ့တော့”
“အောင်မလေးနင်ကပါ သူ့ဘက်ကဝင်ကာပေးနေတာလား ဟမ် နင်က ငါ့သားအရင်းပါ ဘာလို့ဘာအမျိုးမှမတော်တဲ့သူစိမ်း တစ်ယောက်ဘက်က လိုက်နာပေးနေရတာလဲ နင့်အဖေအချိုးတွေ ငါကို လာမချိုးနဲ့”
မားကတော့ဆက်တိုက်ပြောဆိုနေပေမဲ့ သူကတော့စိတ်ကုန်လွန်းလို့ ဘာစကားမှတောင် ပြန်မပြောချင်တော့တဲ့အထိပဲ။
စိတ်တွေရှုပ်လိုက်တာ။ နေ့တစ်နေ့ရဲ့အစ မနက်ခင်းလေးကတော့ပျက်စီးသွားရပြန်ပြီ
“နင်လည်းငါကိုစကားများတဲ့မိန်းမကြီးဆိုပြီး စိတ်ထဲမှာ တစ်နေ့ တစ်နေ့ ထိုင်ကျိန်ဆဲနေလောက်ရောပေါ့”
ရိပေါ်ဘက်ကိုပါလက်ညှိုးထိုးပြီး ထပ်ဆူနေတဲ့မားကြောင့် သူဘာမှထပ်မပြောတော့ဘဲ ကျောင်းသွားဖို့ထထွက်သွားလိုက်တယ်
YOU ARE READING
If You're With Me (Completed)
FanfictionBJYX Fanfiction "မင်းသာ ငါနဲ့တစ်ဘဝလုံး အတူတူရှိနေပေးမယ်ဆိုရင် ဒီဘဝမှာတော့ သေချာတယ် မင်းမှမင်းပါပဲ" This is a commission work. Start Date - May 4,2022 End Date - May 12,2022