Chapter 4

1K 152 9
                                    

~Scroll Down for ZAWGYI~

Chapter (4)

"ဒါ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ ရိပေါ်
ငါကမင်းကိုပေကျင်းမြို့အထိ
ခေါ်သွားရမှာလား ငါသိပ်မုန်းနေတဲ့ မင်းကိုလေ.."

"ကျွန်တော်..ကျွန်တော်.. ကိုကို့အတွက်အရေးပါတဲ့
လူတစ်ယောက်ဖြစ်ချင်တယ်

အဲ့လိုဖြစ်အောင်လည်း ကျွန်တော်ကြိုးစားပါမယ်..
ကျွန်တော်ကို မစွန့်ပစ်လိုက်ပါနဲ့.."

ရိပေါ်ရဲ့ခံစားချက်တွေက
မီးတောင်ပေါက်ကွဲမှုတစ်ခုလိုမျိုး
အုန်းခနဲပွင့်ထွက်သွားပြီးတော့ စကားတွေကအစီအစဉ်မကျဘဲ
ပါးစပ်ထဲကတန်းစီထွက်ကျလာတယ်။

သူ ဘယ်လိုလုပ်မှ ရှောင်းကျန့်က
သူကိုထားမသွားမှာလဲ..ဆိုတဲ့ အတွေးတွေက သူကို တဖြည်းဖြည်း တုန်ယင်လာစေတယ်။

သူကတော်ရုံငိုတတ်တဲ့လူမဟုတ်ဘူး
သူ့တစ်သက်မှာငိုခဲ့ဖူးတဲ့ အကြိမ်ရေဆိုတာလက်ချိုးရေလို့ရတယ်။

မားကသူ့မျက်စိရှေ့မှာတင်
ဆင်းဆင်းရဲရဲ၊စုတ်စုတ်ပြတ်ပြတ်နဲ့ ဆုံးပါးသွား‌ခဲ့ရတုန်းကတောင်
သူမငိုခဲ့ဘူး။

အဲ့တုန်းကသူ့အသက်၁၆/၁၇လောက်ပေါ့။ သူကမွေးတည်းက ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှာအလင်းရောင်မရှိ၊အောက်သိုးသိုးအနံ့တွေနဲ့ပြည့်နှက်နေတဲ့ အခန်းကျဉ်းလေးထဲမှာနေခဲ့ရတာ။

မားက သူကိုထမင်းကျွေးနိုင်ဖို့
ပင်ပင်ပန်းပန်းပိုက်ဆံရှာရတယ်
ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ မားရဲ့မျက်နှာမှာအချိန်တိုင်း
အပြုံးတွေနဲ့နွေးထွေးနေတတ်စမြဲ..

ပိုက်ဆံမရှိတဲ့ကြားကနေသူကိုလည်း
တစ်နေ့ထမင်း၃နပ်စားနိုင်အောင်
တစ်နှစ်တစ်တန်းပညာသင်နိုင်အောင်တော့မားကတော်တော်လေးရုန်းကန်ခဲ့ရတာ။ မားတစ်ယောက်တည်းအားနဲ့လေ။

သူငယ်ငယ်တည်းက နားလည်ခဲ့တယ်။
သူ့တို့မိသားစုကတခြားမိသားစုတွေနဲ့ မတူဘဲ လူတစ်ယောက်လိုနေခဲ့တယ်ဆိုတာ။

ဒီအကြောင်းကိုမားကိုမေးဖို့
ကြိုးစားခဲ့ပေမဲ့ဘာကြောင့်မှန်းမသိ
သူ့ပါးစပ်က မေးလို့မထွက်ခဲ့ဘူး။

If You're With Me (Completed)Where stories live. Discover now