Final

1.4K 143 2
                                    

~Scroll Down for Zawgyi~

Chapter 5 (Ending)

သူတို့ နှစ်ယောက် အိမ်ပေါ်က
ဆင်းလာပြီးနောက်ပိုင်း အရာအားလုံးက သူတို့အတွက်အရမ်းခက်ခဲခဲ့တယ်။

မားကလည်းသူတို့နှစ်ယောက်လုံးကို အတိအလင်းသေခန်းဖြတ်ပစ်လိုက်တယ်။
သူသေသွားရင်တောင်မှ အသုဘကိုမလာပါနဲ့ဆိုပြီး ပြောရလောက်တဲ့အထိ သူတို့နှစ်ယောက်ရဲ့အချစ်ကို
ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။

ရှောင်းကျန့်ကတော့ ဘာပဲပြောပြော မားကသူရဲ့တစ်ဦးတည်းသောအမေပဲလေ
မားဆီကဒီလိုမျိုးရင့်သီးတဲ့စကား‌လုံးတွေကြားရတော့တိတ်တိတ်လေးကြိတ်ငိုမိတယ်။

ရိပေါ်ကတော့ဝမ်းနည်းနေတဲ့သူကို တစ်ချိန်လုံးတတ်နိုင်သလောက်လေး ချော့မြူ‌ပေးရင်းအလုပ်များနေလေရဲ့

ဒါပေမဲ့မားဆီကို ပြန်ပို့ပေးရမလားဆိုတဲ့ စကားကိုတော့ ရိ‌ပေါ်က အတ္တကြီးစွာနဲ့ပဲ လုံးဝပြောမထွက်ခဲ့ဘူး။

ရိပေါ်ဆီမှာရှောင်းကျန့်ကို စွန့်လွှတ်နိုင်လောက်တဲ့သတ္တိမျိုးမရှိဘူး။

ရှောင်းကျန့်နဲ့ဝေးရရင်သူနေနိုင်ပါ့မလား ဆိုတဲ့ယုံကြည်မှုမျိုးလည်းမရှိဘူး

ရှင်းနေတာပဲလေ သူမှရှောင်းကျန့်မရှိရင်
မနေနိုင်တာ။

ပါးကတော့
သူကိုယ်သူပဲအပြစ်တင်တယ်
အရာအားလုံးကသူကြောင့်ပါဆိုပြီး

အမှန်တော့ ဘယ်သူကြောင့်မှမဟုတ်ပါဘူး

လူနှစ်ယောက်ရဲ့ချစ်ခြင်းတရားက ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အပြစ်တစ်ခုမဟုတ်ဘူးလို့
သူတို့ကတော့ထင်တယ်။

ပတ်ဝန်းကျင်ကလူတွေကတော့သူတို့ကို
မျိုးစုံရစရာမရှိအောင်ပြောကြတာပေါ့ မားလည်းအဲ့ဒီစိတ်နဲ့ပဲ အိပ်ယာပေါ်ဗုံးဗုံးလဲသွားခဲ့ရတဲ့အထိ

သူတို့ကအခြောက်တွေဆိုတဲ့ စကားလုံးတွေကိုလည်း နားနဲ့မဆံ့အောင်သူတို့နားထောင်ခဲ့ရတယ်။

ဒါပေမဲ့ရိပေါ်ကသူကိုတအားချစ်ပါတယ်
အချစ်ခံရတယ်..သူလုံးဝလူ‌‌ရွေးမှန်ခဲ့တယ်ဆိုတာသေချာတယ်။

If You're With Me (Completed)Where stories live. Discover now