ကျွန်တော်ချစ်သော Hyung🌙🐰(Part-1)

2K 102 3
                                    

အဝေးပြေးလမ်းမကြီးတစ်ခုမှာ ကားတစ်စီးအရှိန်ဖြင့်မောင်းလာသည်~

ကားပေါ်မှလူတစ်ယောက်က

??-အကိုလေး အရှေ့မှာလူတစ်ယောက် လဲနေတယ် ဘာဖြစ်နေတာလဲမသိဘူး ကျွန်တော် ဆင်းကြည့်လိုက်ရမလား?

(Seokjin လည်းအနည်းငယ်စဥ်းစားပြီးနောက်...)

Seokjin - အေးလေ မင်းဆင်းကြည့်လိုက်..

??-ဟုတ်..အကိုလေး..ဟုတ်..

(ဒီအဝေးပြေးလမ်းမကြီးက လူပြတ်သည် မကြာခင်လည်းမှောင်တော့မှာမို့ Seokjin လည်း အကူအညီမဲ့ပြီး တစ်ယောက်ထဲဖြစ်နေသူကိုတော့ မကျော်သွားရက် ဒါကြောင့် သူနဲ့အဖော်ပါလာတဲ့ကောင်လေးကို ဆင်းကြည့်ခိုင်းလိုက်သည်)

??-ဟိတ်..ဟိတ်လူ..ဒီမှာဘာလို့လာအိပ်နေတာလည်း ဒီနေရာကလူပြတ်တယ်ကွ မကြာခင်မှောင်တော့မှာ

အနားကိုသွားရင်း စကားလှမ်းပြောလိုက်သည်~

??-ဟိတ်လူ...မင်းအရက်တွေမူးနေတာလား? အာ..အရက်နံ့တွေနံစော်နေတာပဲ ဟိတ်လူ..ဟိတ်လူ..သတိလေးပါလေးထားအုံး..

သူလည်းအရက် မူးနေတဲ့သူကိုထူရင်း သတိပေးလိုက်သည်

ထိုသူကဗလတောင့်တောင့်မို့ သူမထူနိုင်..အဲ့ဒါကြောင့် သူလည်းအရက် မူးနေတဲ့သူကိုခနထားကာ သူ့အကိုလေးဆီပြန်လာခဲ့သည်

Seokjin -ဘာလဲ?အဲ့ကောင်ဘာဖြစ်နေတာလဲ?

??-အကိုလေး..ဟောဟဲ..ဟောဟဲ..

(သူလည်းဟိုဗလတောင့်တောင့်လူကို ထူ..ထူလို့မရတော့ Seokjin ဆီပြန်ပြေးလာရသောကြောင့် မောနေသည်)

Seokjin -ဟေ့ကောင် ဟိုကောင်ဘာဖြစ်တာလဲလို့??

??-ဟုတ်..ဒီလိုအကိုလေး အဲ့လူကအရက်တေအရမ်းသောက်ထားတာထင်တယ် သူ့တစ်ကိုယ်လုံးအရက်နံ့ဆိုတာ မွှန်ထွန်နေတာပဲ..သူ့ကိုထူလို့မရလို့ အကိုလေးဆီပြန်လာတာ

^ ဟာ...ခုခေတ်လူငယ်တွေကတော်တော်ဆိုးတာပဲ အရက်ကိုလူမှန်းသူမှန်းမသိအောင်သောက်ပြီး ဒီလိုတွေ့တဲ့နေရာ လျှောက်အိပ်နေတာ ကွာ...^

Seokjin တစ်ယောက်စိတ်ထဲကနေ ဒေါသထွက်နေသည်

Seokjin -ကဲ...သွားမယ်သွားမယ် အဲ့ကောင်ကိုသွားထူပြီး ကားဆီပြန်ခေါ်လာရမယ် နောက် မို့ဆို အဲ့ကောင် ဒီလမ်းမှာတစ်ခုခုဖြစ်သွားနိုင်တယ်

(Seokjin လည်းတစ်ဖြည်း''မှောင်လာသောကြောင့် ဒီအတိုင်း ထားခဲ့ရင်လည်း မကောင်း ..ဒီလိုနဲ့ အရက် မူးကာ လမ်းမထက်အိပ်ပ်ပျော်နေသော ထိုကောင်လေးအား သူတို့နဲ့အတူ ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်)

??-ဟုတ်..အကိုလေး ဒါဆိုအကိုလေး ကားဆက် မောင်းလာခဲ့ပါ

ပြီးမှ သူတို့နှစ်ယောက်လည်း ထိုအရက် မူးနေသောကောင်လေးအား ထူကာကားထဲသို့ခေါ်လာနေစဥ်~~

ထိုကောင်လေးမှ..

??-ဟာ...ကျွန်တော်ဘယ်ရောက်နေတာလဲ??ကျွန်တော့်ရှေ့ကနတ်သားလေးကရော ဘယ်ကရောက်လာတာလဲ??ကျွန်တော့်ကိုလာကယ်တာလား?? ဘာလို့ဒီလောက်ချောနေရတာလည်း နတ်သားလေး??

ထိုသို့မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးလာတဲ့ကောင်လေးအား Seokjin မှဘာတစ်ခွန်းမှမတုန့်ပြန် ထိုကောင်လေးစကားတွေကိုလျစ်လျူရှုကာ ကားထဲသာ ထည့်လိုက်တော့သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထိုသို့မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးလာတဲ့ကောင်လေးအား Seokjin မှဘာတစ်ခွန်းမှမတုန့်ပြန် ထိုကောင်လေးစကားတွေကိုလျစ်လျူရှုကာ ကားထဲသာ ထည့်လိုက်တော့သည်

ပြီးမှ Seokjin တို့လည်းမှောင်လာပြီမို့ ထိုနေရာကနေကားကို မြန်''မောင်းထွက်လာခဲ့သည်~

ကားအနောက်က အမူးသမားလေးကတော့ စကားတွေ တစ်တွတ်''ပြောကာလိုက်ပါလာခဲ့တယ် ~

^^ အခုမှပထမဆုံးစရေးတာပါ..အမှားအယွင်းတွေလိုအပ်ချက်ရှိရင်လည်းပြောပေးကြပါနော် ဖတ်ရတာအဆင်မပြေတာမျိုးရှိရင်လည်း ပြောပါ^^

ကဲ..ဒါဆိုနောက်တစ်ပိုင်းမှဆက် မယ်နော်..

(ဖတ်မယ့်သူမရှိရင်တော့ ဆက် မရေးတော့ပါဘူး😬)

ကျွန်တော်ချစ်သော Hyung🌙🐰[✔]Where stories live. Discover now