" ရင်နှင့်အောင် ချစ်ခဲ့ရသည် " ( NL - Part 1 )

100 2 2
                                    

ရင်နင့်အောင် ချစ်ခဲ့ရသည်

အခန်း ( ၁ )
***********
မိုးကလေးများ တဖွဲဖွဲကျနေလေသည် ရာသီဥတုမှာလည်း ထိုမိုးဖွဲကလေးများကြောင့်ပင် မှိုင်တိုင်တိုင်လေးနဲ့ ငြီးငွေ့ဖွယ်ရာ ပင်။ အရမ်းကြီးမဟုတ်သော်ငြားလည်း အေးချမ်းတာတော့ အမှန်ပင် စိတ်ကူးယဉ်အတွေးသမားလေးတွေအဖို့ စိတ်ကူးယဉ် စရာကောင်းသော အချိန်အခါဆိုလျှင်လည်း မမှားပေ။ ။

ထိုစဉ်'' သားရေ... မှူး..''

အမေဖြစ်သူ ဒေါ်မေမြင့်၏ ခေါ်သံကြောင့် လွှမ်းညှို့မှူး တစ်ယောက် အတွေး လေးတွေ လွင့်ပျယ်ကုန်၏ ။

''ဗျာ..မေမေ''

''မိုးလေးစဲသွားလျှင် အန်တီ ငြိမ်းတို့ဆီကို ခဏသွားပေးပါ။

သားရယ်... သားဖေဖေက အန်တီငြိမ်းအတွက် ဆေးဝါးလေး ပေးခိုင်းလိုက်တာ....''

''ဟုတ်ကဲ့ပါ...မေမေ သားသွားလိုက်ပါ့မယ်...''

''အေးပါကွယ်... မမငြိမ်းမှာလည်း သမီးတစ်ယောက်နဲ့ သားကမရှိ ခင်ပွန်းသည်ကလည်း ဆုံးပါးသွားတော့ သမီးနဲ့သာ နေနေရတာ သူ့ဘဝလေးက သနားပါတယ် မေမေတို့နှင့်က ငယ်သူငယ်ချင်းတွေလေ မမငြိမ်းက အရမ်းစိတ်ကောင်းတာ သားရဲ့ ဘဝလေးက အကျိုးပေးမကောင်းလို့သာ မပြည့်စုံတာပါ''

''ဟုတ်ကဲ့ပါ မေမေ ''

''အေး ဆိုင်ကယ်လည်း သတိထားမောင်းပါကွယ်..''

'' ဟုတ်ကဲ့ပါ...''

မိုးကလေးလည်းစဲတော့ မှူးတစ်ယောက် ဆိုင်ကယ်လေး မောင်းပြီးထွက်လာလိုက်သည်။ အန်တီငြိမ်းတို့အိမ်သည် မှူးနဲ့သိပ်မစိမ်းလှပေ။ မေမေကကိစ္စရှိတိုင်း သွားခိုင်းလာခိုင်းတက်လို့ အဝင်အထွက်ကတော့ရှိနေပါသည်။ အန်တီငြိမ်းတို့က သိပ်မပြည့်စုံလှပေ မေမေတို့က ငယ်သူငယ်ချင်းလည်း ဖြစ်တာကြောင့် အရမ်းလည်းချစ်ရတဲ့သူငယ်ချင်းကို အမြဲ ကူညီပေးတက်သည်။ အန်တီငြိမ်းတို့က မပြည့်စုံပေမဲ့ စိတ်ထား ကောင်းမွန်သည်။ တက်နိုင်သလောက်ကူညီတက်သည် အေးအေး ချမ်းချမ်းနေရှာသည် ဒါလေးကတော့လေးစားစရာပင် ။ အမေတစ်ခု သမီးတစ်ခုနှင့် ဘဝကိုကြိုးစားရုန်းကန်နေရသည် ။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်တွေကိုလည်း ခံရသေးသည် ဒါတောင်သမီးလေးကို ဂုဏ်မငယ်အောင်ထားနိုင်တဲ့ အန်တီ ငြိမ်းကို လေးစာမိတာတော့အမှန်ပင်။

ရင်နင့်အောင် ချစ်ခဲ့ရသည် ( NL Story ) Where stories live. Discover now