ရင်နင့်အောင်ချစ်ခဲ့ရသည်
အခန်း ( ၅ )
***********
လွှမ်းညှို့မှူးတို့မိသားစုသည် ကိုယ်ပိုင်ကားလေးနှင့် ခရီးထွက်ခဲ့ကြသည်။ ဦးလွှမ်းမောင်၊ ဒေါ်မေမြင့်၊ လွှမ်းညှို့မှူး၊ ရှင်းသန့်သော်နှင့် အိမ်အကူ ဆွေမကင်းမျိုးမကင်ကောင်မလေး သန္တာတို့ဘဲဖြစ်ကြသည်။ သန္တာသည် အိမ်အကူဆိုပေမဲ့ မိသားစုဝင်ကဲ့သို့ပါပ။င် စိတ်ထားလည်းဖြူစင်၍ သဘောမနော လည်းကောင်းလှသည်။ အလုပ်အကိုင်လည်း ကြိုးစား၍ စိတ်ချသည်။ အိမ်မှုကိစ္စလည်းနိုင်နင်း၍ စေ့စပ်သေချာလှသည်။ ထို့ကြောင့်လည်း ဒေါ်မေမြင့်က စိတ်ချရ၍ တူမလေးတစ် ယောက်နှယ် သဘောထားကာ အခွင့်အရေးပေးတက်သည်။ လွှမ်းညှို့မှူးတို့မိသားစုသည် ချမ်းသာသော်လည်း မာန်မာနမကြီးပါ ။ သို့သော် စည်းစနစ်ကြီးလှပါသည်။ အခုခရီးထွက်ရာတွင်လည်း သန္တာပါ ပါလာခြင်းဖြစ်သည်။''ဖေဖေပင်ပန်းနေပြီးလား သားတစ်လှည့်မောင်းပေးပါ့မယ်..'' လွှမ်းညှို့မှူးက ပြောလိုက်ခြင်းပါ။
''ရပါတယ်ကွာ နောက်နာရီဝက်လောက်ဆို ရောက်ပါပြီး'' ဦးလွှမ်းမောင်က ပြောလိုက်လေသည်။
''ဖေဖေပင်ပန်းမှာစိုးလို့ပါ...''
ရှင်းသန့်သော်ကတော့ သူမ၏ မေမေနှင့်မကြာခင်တွေ့ရ တော့မည်ဖြစ်သဖြင့် ကျေနပ်ပျော်ရွှင်နေလေ၏ ။ ကားအနောက်ခန်းထဲမှာ သန္တာနှင့်အတူတူ လိုက်ပါလာခြင်း ဖြစ်သည်။ လွှမ်းညှို့မှူးက အရှေ့ခန်းမှာပင် ဒေါ်မေမြင့်နှင့် အတူတူပါ။ သူမ၏ ကျေနပ်မှုအပြည့်နှင့်မျက်နှာလေးက တကယ့်ကို ဖြူစင်လှပလွန်းပေသည်။ မိခင်နှင်တွေ့ရတော့မည် သမီးတစ်ယောက်ရဲ့ ကြည်နူးမှုကိုလည်း ကိုယ်ချင်းစာနာမိပါသည် ။ သူကတော့ ရှင်းသန့်သော်ရှောင်နေ၍ အနေရက်ခက်နေ သည်ကတော့အမှန်ပါ။ မေ့မေ့ကိုပြော၍ အကူညီတောင်းကာ သန္တာနှင့်နေရာချင်းချိန်း၍ ပြန်ချော့ရမည်ဟု စိတ်ကူးရလေ သည်။
''မေမေ...သားကိုတစ်ခုကူညီနော်...''လွှမ်းညှို့မှူးက ဒေါ်မေမြင့်ကြားယုံတိုးတိုးလေးပြောလိုက်ခြင်းပါ။
YOU ARE READING
ရင်နင့်အောင် ချစ်ခဲ့ရသည် ( NL Story )
Fanficတစ်ဦးတည်းသော သား လွှမ်းညှို့မှူးနှင့် သူ၏မိသားစုအိမ်မှာ လာရောက်နေသော ရှင်းသန့်သော် ။ သူတို့နှစ်ယောက်ရဲ့ ရိုးရှင်းသော ပုံမှန်ဇာတ်လမ်းလေးကို ကြည်နူးအောင် ရေးဖွဲ့ထားတာပါ။ အချစ်ကြီး သဝန်တိုတက်ပြီး အစစအရာရာ ဂရုစိုက်ပေးတက်သော လွှမ်းညှို့မှူး၊ ကျေးဇူးတရား...