ရင်နင့်အောင်ချစ်ခဲ့ရသည်
အခန်း ( ၆ )
************လွှမ်းညှို့မှူးတို့မိသားစုသည် ဓမ္မရိပ်သာလေးမှ ပြန်ထွက်လာပြီး မိသားစုလည်း အပန်းဖြေရင်း ရှင်းသန့်သော်လည်း စိတ်ထွက်ပေါက်လေးရောက်အောင် ချောင်းသာကမ်းခြေသို့ ထွက်လာခဲ့ကြသည်။ မိသားစုခရီးစဉ်ဖြစ်လို့ အားလုံးစိတ်တူကိုယ်တူပါပင်။ ခရီးလေးက ပျော်ရွှင်စရာလေးတွေနဲ့ အစပျိုးလောက်ချည်ရဲ့။ ကားလေးကိုလည်းအမိုးဖွင့်ကာ ပျော်စရာ သီချင်းလေးနှင့်တေးသီလို့ မိသားစုရဲ့ ကြည်နူးစရာမြင်ကွင်းလေး တစ်ခုဆိုလည်း မှားမည်မဟုတ်ပေ။ ရှင်းသန့်သော်မှာလည်း ဝမ်းနည်းနေသော်လည်း အန်တီမေ၏အားပေးမှု ဦးလွှမ်းမောင်၏ နှစ်သိမ့်မှု လွှမ်းညှိ့မှူး၏ အားပေးကာ ပျော်ရွှင်အောင်ထားမှုတွေကြောင့် ပြန်လည်လန်းဆန်းကာ စိတ်တို့လည်း ပြန်လည်ပျော်ရွှင်လာပါပြီ။ ရှင်းသန့်သော်ကိုလည်း အားလုံးကပျော်ရွှင် အောင်ထားကြသည်။ အားလုံးကဂရုစိုက်မှုကိုပေးတော့ ရှင်းသန့်သော်ကြည်နူးမိသည် ဝမ်းသာမိပါသည်။
'' ရှင်း....''လွမ်းညှို့မှူးက ခေါ်လိုက်ခြင်းပါ။
''ရှင်...'' ရှင်းသန့်သော်က ပြန်ထူးလေသည်။
''ရှင်းဒီနေ့မျက်နှာလေးက အရမ်းကြည့်ကောင်းတယ် သိလား ဖြူစင်ပြီးဝင်းနေတာပဲ....''
''ပိုပြီး ကိုမှူးက...''
''တကယ်ပြောတာရှင်းရဲ့ ရှင်းကလေ အဲ့လိုပြုံးပျော်နေလျှင် အလိုလိုလှနေတာ တစ်ခြားပြင်စရာကိုမလိုဘူး သိလား...''
''ဟုတ်လို့လား ကိုမှူးရဲ့...''
''တကယ်ပြောတာ ''
''ကျေးဇူးပါ...''
''ကျေးဇူးမလိုပါဘူး သူစိမ်းတွေမှမဟုတ်တာ စိမ်းကားသလိုပဲ ကိုယ်ကတကယ်လှလို့တကယ်ပြောတာ ''
''အဲလိုမျိုးလည်း မိန်းကလေးတစ်ယောက်ရဲ့ အလှကိုကြည့် တက်တာဘဲလား ''
''ဘာဖြစ်လို့လဲရှင်းရဲ့ ကိုယ်လည်းယောင်္ကျားတစ်ယောက်ပဲ အလှအပကြည့်တက်ပါတယ်ရှင်းရဲ့ ''
YOU ARE READING
ရင်နင့်အောင် ချစ်ခဲ့ရသည် ( NL Story )
Fanfictionတစ်ဦးတည်းသော သား လွှမ်းညှို့မှူးနှင့် သူ၏မိသားစုအိမ်မှာ လာရောက်နေသော ရှင်းသန့်သော် ။ သူတို့နှစ်ယောက်ရဲ့ ရိုးရှင်းသော ပုံမှန်ဇာတ်လမ်းလေးကို ကြည်နူးအောင် ရေးဖွဲ့ထားတာပါ။ အချစ်ကြီး သဝန်တိုတက်ပြီး အစစအရာရာ ဂရုစိုက်ပေးတက်သော လွှမ်းညှို့မှူး၊ ကျေးဇူးတရား...