ရင်နင့်အောင် ချစ်ခဲ့ရသည်
အခန်း ( ၂ )
************'' ဒီမှာ ညှို့မှူး.....'' လွှမ်းညှို့မှူး၏ ငယ်သူငယ်ချင်းဖြစ်သူ ခက်အောင်က ပြောလိုက်ခြင်းပါ။
''ဘာလဲ ငခက်ရာ ..'' ခက်အောင်ကို သူငယ်ချင်းများ အားလုံးက ငခက်လို့သာ ခေါကြသည်။ နာမည်နဲ့လည်း လိုက်ပါပေသည် ခက်အောင်က တစ်ခါတစ်ခါ နားလည်ရခက်သည် ပေါင်းရခက်သည်။ ဒါပေမဲ့သူတို့က ငယ်သူငယ်ချင်းတွေမို့ နားလည်နေပါပြီး။
'' မင်းမိန်းမ မယူတော့ဘူးလား...''
''မင်းကလည်း ပြောစရာစကား မရှိဘူးလားကွာ ''
''ဟုတ်တယ်လေကွာ မင်းက ပညာလည်းစုံ အလုပ်အကိုင်လည်းရှိပြီး ကြင်ယာစုံဖို့ဘဲ ကျန်တော့တာ''
''အာ့ဆို မင်းညီမနဲ့ ပေးစားပါလား...''
''ဟေ့ကောင် .. ညှို့မှူး တကယ်လားပြော..ငါပေးစားမယ် ...''
''မလုပ်ပါနဲ့ကွာ.. ငါကစတာပါ..'' မနည်းစကားထိန်းလိုက်ရသည်။
ငခက်က တကယ့်လုပ်မဲ့ရုပ်ပါ။ ပြီးတော့လည်း ညှို့မှူးနဲ့ သူ့ညီမကိုလည်း သဘောတူကြောင်း မကြာခဏဆိုသလို ပြောနေတက်သည်။ ခက်အောင်ရဲ့ညီမဖြစ်သူ ခက်သခင်ကလည်း လွှမ်းညှို့မှူးကို စိတ်ဝင်စားနေတာ အလွန်သိသာသည်။ သူကသာ ဖွင့်ပြောခဲ့လျှင် ချက်ချင်းပင် ချစ်သူဘဝ ကူးပြောင်း သွားနိုင်သည်။ သို့ပါသော်လည်း သူက စိတ်မဝင်စား သူငယ်ချင်း ရဲ့ညီမကို သူ့ရဲ့ညီမလိုဘဲ သဘောထားလို့ရသည်။
''အေးပါကွာ.. မင်းလိုချင်ရင်ပြော.. အချိန်မ ရွေးပဲ..''
''အေးပါကွာ... ''
''ဪ ဒါနဲ့ မင်းအဖေရော ဘယ်တော့ပြန်လာမှာလဲ.. ''
''ရှေ့ ၂လလောက်မှကွ ဒီတစ်ခါက အပြီးပြန်လာမှာ...''
''ကောင်းတာပေါ့ကွ မင်းတို့မိသားစု စုံညီသွားတာပေါ့...'' နေဝန်းဝင်ပြောလိုက်လေသည်။ နေဝန်းဆိုသည်မှာ လွှမ်းညှို့မှူးတို့နှင့် တက္ကသိုလ်ကျောင်းမှာ ခင်ခဲ့တာဖြစ်သည်။ သို့ပေမဲ့ ငယ်ပေါင်းလိုပါဘဲ နေဝန်းတို့က ချမ်းသာသည် မိဘများက ကိန်းခန်းကြီးကြသည် အဆင့်အတန်းတွေခွဲခြားသည်။ သို့ပေမဲ့ နေဝန်းကတော့ ဒီလိုမဟုတ် အားလုံးနဲ့တည့်အောင်ပေါင်းသည်။ အဆင့်အတန်းမခွဲခြား စိတ်ထားလည်းကောင်းလို့ ပေါင်းမိသွားကြသည်။ နေဝန်းကလည်း ကိုယ်ပိုင်စီးပွားရေးနဲ့ဆိုပေမဲ့ သူတို့ သူငယ်ချင်း သုံးဦးကတော့ တစ်ပတ်တစ်ခါလောက် အနည်းဆုံး ဆုံမိကြသည်။ ဆုံတိုင်းလိုလို အခုလိုပင်အေးအေးဆေးဆေး စကားပြောကြတာမို့ တိတ်ဆိတ်တဲ့ ဆိုင်တစ်ဆိုင်မှာ တွေ့ဖြစ်တာများသည်။
****************************************************
YOU ARE READING
ရင်နင့်အောင် ချစ်ခဲ့ရသည် ( NL Story )
Fanfictionတစ်ဦးတည်းသော သား လွှမ်းညှို့မှူးနှင့် သူ၏မိသားစုအိမ်မှာ လာရောက်နေသော ရှင်းသန့်သော် ။ သူတို့နှစ်ယောက်ရဲ့ ရိုးရှင်းသော ပုံမှန်ဇာတ်လမ်းလေးကို ကြည်နူးအောင် ရေးဖွဲ့ထားတာပါ။ အချစ်ကြီး သဝန်တိုတက်ပြီး အစစအရာရာ ဂရုစိုက်ပေးတက်သော လွှမ်းညှို့မှူး၊ ကျေးဇူးတရား...