ရင်နင့်အောင်ချစ်ခဲ့ရသည်
အခန်း ( ၃ )
************''ဘယ်လို...သော်သော် ဘာပြောလိုက်တယ်'' သင်းသင်းက ပြောလိုက်ခြင်းပါ။
''ကြားတဲ့အတိုင်းပဲ သင်းသင်းရယ်.....''ပြော၍ ရှင်းသန့်သော် ငိုမိပါလေတော့သည်။
''တကယ်ပဲ အန်တီငြိမ်းက အဲ့လိုဆုံးဖြတ်ခဲ့တာလား... တကယ်တမ်း အန်တီငြိမ်းက တရားစခန်း ရာသက်ပန်ဝင်ခဲ့လျှင်တောင် နင်မှာ့တစ်ခြားနေစရာမရှိတော့ဘူးလားဟာ''
''ငါလည်း မသိတော့ပါဘူး သင်းသင်းရယ်... မေမေ့ကိုလည်း ငါပြောပြပါသေးတယ် မေမေကုသိုလ်ကိစ္စကို မတားမြစ်စေချင်ပါဘူး.. ငါ့ကိုတော့ အဆောင်ပေးနေဆိုတော့လည်း မေမေက စိတ်မချဘူးတဲ့ အန်တီမေတို့အိမ်မှာပဲ နေရမယ်တဲ့... ပြီးတော့ အန်ကယ်လ် ဦးလွှမ်းမောင်လည်း ပြန်လာတော့မှာတဲ့''
''ဘယ်လိုပဲဖြစ်ဖြစ်ဟာ ဘယ်လောက်ပဲရင်းနှီးနှီး အခုလိုတော့ မနေစေချင်တာတော့အမှန်ဘဲ တစ်ဖက်လူကြီးတွေက ဘယ်လိုကြည်ဖြူဖြူ အရွယ်တူ ယောင်္ကျားလေးတစ်ယောက် ရှိနေသေးတယ်လေဟာ '' မြူလေးမှုန်က ဝင်ပြောလာလေသည်။
''မြူလေးရယ် ငါလည်း ဘယ်နေချင်ပါ့မလဲ အန်တီမေကိုက ခင်ပါတယ် ချစ်လည်းချစ်ပါတယ် ကိုမှူးက ရှိနေသေးတယ်လေ ပတ်ဝန်းကျင်က ပြောလာမယ့်စကားတွေကို ငါမခံချင်ဘူး ဒါပေမဲ့ မေမေရဲ့ဆန္ဒကိုလည်း ငါမလွန်ဆန်ချင်ဘူး သူ့ကို စိတ်ချမ်းသာစေချင်တယ် အာ့ကြောင့်လည်း နောက်ဆုံးငါလက်ခံခဲ့တာပေါ့...''
''အေးပါ စိတ်မကောင်းဖြစ်မနေနဲ့တော့ နင်ကမိဘကို သိတက်တဲ့သမီးပဲ ကောင်းကျိုးတွေရလာမှာပါဟာ.. ငါတို့လည်းရှိနေတာပဲတစ်ခုခုဆို ငါတို့ဆီချက်ခြင်းဆက်သွယ် လာ ကြားလား...မိသော်'' သင်းသင်းကပါပြောလေသည်။
''အေးပါ ငါ့မှာလည်း နင်တို့ပဲရှိတာ တိုင်ပင်ဖော် တိုင်ပင်ဖက်''
''ဒါနဲ့ အန်တီငြိမ်းက ဘယ်တော့သွားမှာလည်း.. မိသော်''
''လကုန်ရင် မေမေကသွားပြီး...သင်းသင်းရဲ့..''
YOU ARE READING
ရင်နင့်အောင် ချစ်ခဲ့ရသည် ( NL Story )
Fanfictionတစ်ဦးတည်းသော သား လွှမ်းညှို့မှူးနှင့် သူ၏မိသားစုအိမ်မှာ လာရောက်နေသော ရှင်းသန့်သော် ။ သူတို့နှစ်ယောက်ရဲ့ ရိုးရှင်းသော ပုံမှန်ဇာတ်လမ်းလေးကို ကြည်နူးအောင် ရေးဖွဲ့ထားတာပါ။ အချစ်ကြီး သဝန်တိုတက်ပြီး အစစအရာရာ ဂရုစိုက်ပေးတက်သော လွှမ်းညှို့မှူး၊ ကျေးဇူးတရား...