" ရင်နင့်အောင် ချစ်ခဲ့ရသည် " ( NL- Part 4 )

21 3 2
                                    

ရင်နင့်အောင်ချစ်ခဲ့ရသည်

                                 အခန်း ( ၄ )
                               ************
          လွှမ်းညှို့မှူးတစ်ယောက် သူငယ်ချင်းတွေနှင့် တွေ့ဆုံဖို့ထုံးစံအတိုင်း ချိန်းရာနေရာလေးသို့ ထွက်လာခဲ့သည်။ အလုပ်နားရက် လည်းဖြစ်သောကြောင့် အေးအေးဆေးဆေး သူငယ်ချင်းသုံးဦးသား စကားပြောကြရအောင်မို့ပါ။ ရှင်းသန့်သော်ကလည်း သူ့သူငယ်ချင်းတွေဆီ မရောက်တာကြာတော့ အလည်သွားနေလေ၏ ။ သူလည်း သူ့ဆိုင်ကယ်လေးနဲ့ အေးဆေးတဲ့ စားသောက်ဆိုင်လေးဖြစ်တဲ့ " Heart Grand Restaurant " ကိုထွက်လာခဲ့တော့သည်။ သူဆိုင်ကိုရောက်တော့ သူ့သူငယ်ချင်းတွေက ရောက်နှင့်နေပါပြီ။ ထုံးစံအတိုင်း ခက်အောင်နှင့် နေဝန်း တို့ပါ။

    ''လာညှို့မှူး....'' နေဝန်းက ခေါ်လိုက်လေသည်။

   ''ရောက်နေတာကြာပြီးလား...''

  ''မကြာသေးပါဘူးကွာ မိနစ် ၂၀လောက်ဘဲရှိသေးတယ် '' ခက်အောင်ကပြောလိုက်ခြင်းပါ။

  ''ကဲ..ဘာတွေမှာထားပြီးပြီလဲ ''

  ''ထုံးစံအတိုင်းပေါ့...ငါတို့အကြိုက်တွေလေ...''နေဝန်းကပြော လိုက်ခြင်းပါ။

   ''ငမှူး မင်းအခုတလော ဘာတွေဇယားကပ်နေတာလဲ မှန်မှန်ပြောစမ်း...''ခက်အောင်က ပြောလိုက်လေသည်။

   ''ဘာကိုဇယားကပ်ရမှာလဲ ခက်အောင်ရာ..''

  ''မင်း ကောင်မလေးတစ်ယောက်ကို အကြိုအပို့လုပ်နေတယ်ဆိုတာ ငါတို့သိပြီးသွားပြီးနော်...''

  ''ဟ့...မြန်လိုက်တာ သတင်းက ''

  ''ဘာလဲ မင်းကငါတို့ကို တစ်ဝိုင်းကျွေးရမှာကြောက်လို့ တိုးတိုးတိတ်တိတ်ကြံစည်နေတာလား...''နေဝန်းကပါပြောလိုက်သည်။

   ''မဟုတ်ရပါဘူး နေဝန်းရာ...''

  ''ဘာမဟုတ်တာလဲ ညှို့မှူး...နေ့တိုင်းဘဲနော်တွေ့နေတာ..''

  ''စကားလည်းဆုံးအောင် နားထောင်ပါဦး...အဲ့ဒါမေမေရဲ့ သူငယ်ချင်းသမီး မေမေက အကူအညီတောင်းထားလို့ ကူညီပေးနေတာပါကွာ...မင်းတို့ကလည်း...ငါ့အကြောင်းသိသား နဲ့...အပိုတွေမေးနေတယ်....''

ရင်နင့်အောင် ချစ်ခဲ့ရသည် ( NL Story ) Where stories live. Discover now