All things grow with LOVE
Part 4"ကောင်းကင်ပေါ်ကဘီလူးကြီးအိမ်မှာ Jack ရဲ့ ဖေဖေထားခဲ့တဲ့ ရွှေအိုးလေးရှိတယ်တဲ့
Jack က အဲ့ဒီရွှေအိုးလေးကို ပြန်ယူပြီး ပဲပင်ကနေ အိမ်ကိုပြန်ဆင်းလာတယ်
ဘီလူးကြီးကလည်း Jack နောက်ကနေ လိုက်လာတာပေါ့
Jack အိမ်ပြန်ရောက်တာနဲ့ မေမေဟင်းချက်ရင်သုံးတဲ့ ဓားကိုယူပြီး ပဲပင်ကိုခုတ်လိုက်တယ်တဲ့
အဲ့ဒါကြောင့် ဘီလူးကြီးက ပဲပင်ပေါ်ကနေ ပြုတ်ကျပြီးသေသွားတယ်
Jack နဲ့ မေမေကလည်း ဖေဖေထားခဲ့တဲ့ရွှေအိုးကြောင့် ချမ်းသာသွားတယ်တဲ့...အယ်လ်ဗင်လေး အိပ်တော့နော်"
နဖူးနဲ့ နှာခေါင်းအစပ်နေရာလေးကို လက်မလေးနဲ့ ပွတ်ပေးရင်း ပုံပြင်ပြောပြတော့ အယ်လ်ဗင်မျက်လုံးလေးက တဖြည်းဖြည်းမှေးစင်းလာသည်။ ၈ နာရီခွဲဆိုသည့်အချိန်က အရင်နေ့တွေကဆို ကာတွန်းခွေတွေကြားမှာ အလုပ်များနေတုန်းပေမဲ့ ဒီနေ့တော့ဂျောင်ဆူးက ပုံပြင်ပြောပြမယ်ဆိုပြီး စောစောအိပ်ဖို့ စည်းရုံးထားတာဖြစ်သည်။ ကလေးတစ်ယောက်တွင် အနည်းဆုံးအိပ်ချိန် ၁၀ နာရီရှိသင့်သောကြောင့် စောစောအိပ်သည့် အကျင့်လေးလည်း လုပ်ပေးချင်သည်။
"ကိုကိုသေးသေးလေး..."
"ဟင်"
"အယ်လ်ဗင့်မေမေကရော ကောင်းကင်ပေါ်မှာ ရွှေအိုးထားခဲ့လားမသိဘူးနော်"
"အယ်လ်ဗင့်အိမ်မှာ ပဲပင်လေးပေါက်လာတဲ့အခါ တက်ကြည့်ပေါ့
အိပ်တော့နော် မနက်ကျောင်းသွားရဦးမယ်""Goodnight ကိုကိုသေးသေးလေး"
အယ်လ်ဗင်က အိပ်ယာတစ်ဖက်ကို စောင်းသွားပြီး သိပ်မကြာခင်မှာပဲ တရှူးရှူးအသံလေးထွက်လာကာ အိပ်ပျော်သွားတော့သည်။ ကလေးကို စောင်သေချာခြုံပေးလိုက်ပြီး အခန်းထဲကပြန်ထွက်လာတော့ ဧည့်ခန်းမှာ အစ်ကိုက အလုပ်ထိုင်လုပ်နေတုန်းပဲဖြစ်သည်။
"အယ်လ်ဗင် အိပ်သွားပြီလား"
"ဟုတ်တယ် အစ်ကို"
"အသေးလေးရောက်လာတာ ကိုယ်ကံကောင်းတာပဲ
အရင်တုန်းကဆို အိပ်ဖို့ကို မနည်းပြောရတာ
အလုပ်လည်းပါလာတော့ ကိုယ်အလုပ်လုပ်တာ ညနက်ရင် သူပါအခွေကြည့်ရင်း ညနက်နေရော
ကိုယ်က ချော့လည်းမသိပ်တတ်တော့ အိပ်ယာထဲရောက်တာတောင် တော်တော်နဲ့မအိပ်ဘူး"
YOU ARE READING
All things grow with LOVE 💕
Fanfictionကျွန်တော်တို့ကြားက လှပတဲ့အရာအားလုံးရှင်သန်စေခဲ့တဲ့ ရေသောက်မြစ်က အချစ် 💕 Chansoo Fic ✨ Unicode + Zawgyi