All things grow with LOVE
Part 6အသေးလေးပြင်ထားသော မုန့်ခြင်းလေးကို ကားနောက်ခန်းမှာထည့်ပြီး အယ်လ်ဗင်နဲ့ အသေးလေးကိုပါ အနောက်ခန်းမှာ ထိုင်စေလိုက်သည်။ ချန်ယောလ်က အရှေ့ခန်းမှာ နေရာယူလိုက်ပြီး အနီးအနားမှာရှိနေသည့် ပန်းခြံတစ်ခုသို့ ကားမောင်းထွက်ခဲ့သည်။ ကစားရတာကြိုက်တဲ့ အယ်လ်ဗင့်ကို ပန်းခြံလိုနေရာမျိုးတွေတစ်ခါမှလိုက်မပို့ဖူးခဲ့ပေ။ အသေးလေးရောက်လာမှပဲ သူ့ကျေးဇူးနဲ့ ချန်ယောလ်လည်း စိမ်းစိုလှပသည့် ပန်းခြံမှာ အပန်းဖြေခွင့်ရတော့မည်။
ပန်းခြံရှေ့မှာ ကားရပ်လိုက်ပြီး အတွင်းဘက်အထိ လမ်းလျှောက်ဝင်ခဲ့သည်။ ပိတ်ရက်ဖြစ်သောကြောင့် မိသားစုလိုက် အပန်းဖြေသူ အများအပြားရှိနေပြီး လူအနည်းငယ်ရှုပ်နေသည်။ မိသားစုလိုက်လာကြသူများကို အယ်လ်ဗင်က လိုက်ငေးနေရင်း အသေးလေး လက်ကိုဆွဲထားရာမှ ချန်ယောလ်လက်ကိုပါလာဆွဲသည်။ အခုဆို အယ်လ်ဗင်ကအလယ်မှာ၊ ချန်ယောလ်က ဘယ်ဘက်မှာ၊ အသေးလေးက ညာဘက်မှာ... သူတို့လည်း သူများတွေလို ပျော်စရာမိသားစုလေးနှင့်တူသည်။
"အစ်ကို ဟိုသစ်ပင်အောက်မှာထိုင်ရအောင်လေ အရိပ်ရတယ်"
"အသေးလေး အဆင်ပြေတဲ့နေရာနေလေ"
"အယ်လ်ဗင် ကိုကိုတို့ ဟိုနားသွားကြမယ်"
အသေးလေးနဲ့ အယ်လ်ဗင်က ရှေ့ကနေပြေးသွားပြီး ချန်ယောလ်က သူတို့နောက်ကနေ လိုက်သွားရသည်။ ခေါက်ဖျာ အပါးလေးတစ်ခုကို ခင်းကာ ဖျာထိပ်တွင် မုန့်ခြင်းကိုချလိုက်ပြီး ဖျာအလယ်မှာ အတူတူထိုင်နားကြသည်။ ပန်းခြံအလယ်မှာ ရေကန်ရှိပြီး ရေကန်ဘေးပတ်လမ်းမှာ စက်ဘီးစီးရန်လမ်းနေရာလုပ်ထားသည်။ ချန်ယောလ်တို့ထိုင်နေသည့်နေရာနှင့် ဆန့်ကျင်ဘက်မှာ ဒန်း၊ လျော များနှင့် ကစားကွင်းငယ်လေးလည်းရှိသည်။
"ကိုကို ဟိုဘက်သွားမယ် ဒန်းစီးချင်တယ်
လျောလည်းစီးမယ် စက်ဘီးလည်း စီးချင်သေးတယ် ဒယ်ဒီရေ သွားမယ်လေ""ခဏလေးနားပါဦး အယ်လ်ဗင်ရယ် အခုမှရောက်တာလေ"
"မရဘူး မရဘူး သွားမှာပဲ"
ESTÁS LEYENDO
All things grow with LOVE 💕
Fanficကျွန်တော်တို့ကြားက လှပတဲ့အရာအားလုံးရှင်သန်စေခဲ့တဲ့ ရေသောက်မြစ်က အချစ် 💕 Chansoo Fic ✨ Unicode + Zawgyi